Connect with us

Hi, what are you looking for?

News

တအာင်းနှစ်သစ်ကူးနေ့သို့ NUG သဝဏ်လွှာပို့

နှစ်သစ်ကူးနေ့ရက်တွင် တအာင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ လက်လွတ် ပျောက်ဆုံးခဲ့ရသောလုံခြုံငြိမ်းချမ်းမှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာမျှော်မှန်းချက်များ ဖြစ် ထွန်းရှင်သန်လာနိုင်ပါစေဟုလည်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

(တ​အောင်းနှစ်သစ်ကူးပွဲ​တော်ကို ၂၀၁၈က ကျင်းပ​နေစဥ်)

တအာင်းနှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ပြည်သူ့လွတ်မြောက်ရေးအတွက် ခုခံတွန်း လှန်စစ်ဆင်နွဲနေကြသည့် တအာင်းဒေသအပါ အဝင် နိုင်ငံတဝှမ်းမှ ပြည်သူများအားလုံး တစ်ခဲနက် အောင်မြင်မှု များရရှိနိုင်ပါစေဟု ဖော်ပြခဲ့သည်။

ယနေ့(ဒီဇင်ဘာ ၂၄ရက်)သည် တအာင်းလူမျိုးတို့၏ (၂၇၁၃) နှစ်မြောက်နှစ်သစ်ကူးနေ့ ဖြစ်သည်။

တအာင်းလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ အခြားသောလူနည်းစုတိုင်းရင်းသားလူမျိုးများ ကဲ့သို့ပင် လူမျိုး မတူကွဲပြားမှုကို အကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်တွင် မျိုးစုံ သော ခွဲခြားဘေးဖယ် ခံရမှုများကြောင့် ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးအတွက် စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်နေကြသည်ကို တွေ့ရှိရကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။

လက်ရှိအချိန်သည် တအာင်းလူမျိုးများ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း လုံခြုံငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ ပျောက်ဆုံးကင်းမဲ့နေပြီး စစ်ကောင်စီ၏လူမဆန်သောရက်စက်ကြမ်းကြုတ်မှု များကြောင့် တိုင်းရင်းသားများအားလုံးစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲညိုးငယ်စွာနေထိုင်နေကြရသည့် အချိန်ကာလ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တအာင်းနှစ်သစ်ကူးနေ့ရက်တွင် တအာင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ လက်လွတ် ပျောက်ဆုံးခဲ့ရသောလုံခြုံငြိမ်းချမ်းမှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာမျှော်မှန်းချက်များ ဖြစ် ထွန်းရှင်သန်လာနိုင်ပါစေဟုလည်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။