Connect with us

Hi, what are you looking for?

News

ဖရူဆိုဒေသခံ ၃၅ဦး စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့သည့် မိုဆိုရွာအနီး ယနေ့ တိုက်ပွဲထပ်ဖြစ်

“ကျွန်တော်တို့လည်း အဲဒီ သတင်းအချက်အလက်ကိုလိုက်နေတုန်းပဲ။ လိုက်နေတုန်းမှာ မနေ့က တက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေ ဘက်က အခုထပ်တက်လာတော့ တိုက်ပွဲထပ်ဖြစ်တယ်”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(မိုဆိုရွာအနီးတွင် ဒေသခံများ၏ ကားများကို စစ်ကောင်စီတပ်က မီရှို့ဖျက်ဆီးနေသည်ကို ယမန်နေ့က တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က အရပ်သာ ပြည်သူ ၃၅ဦးကို ကားပေါ်တင် မီးရှို့သတ်ဖြတ်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၅ရက်)နံနက်တွင်လည်း အဆိုပါကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။

ဒီဇင်ဘာ ၂၄ရက်က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ မိုဆိုရွာအနီးတွင် KNDFနှင့် ကရင်နီတပ်မတော် (KA)တို့က ခုခံတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများကို ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးရန် ညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပစ်လိုက် သည့်အပြင် ဒေသခံပြည်သူ ၃၅ဦးကိုလည်း မော်တော်ယာဉ်မျာနှင့်အတူ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

“ကျွန်တော်တို့လည်း အဲဒီ သတင်းအချက်အလက်ကိုလိုက်နေတုန်းပဲ။ လိုက်နေတုန်းမှာ မနေ့က တက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေ ဘက်က အခုထပ်တက်လာတော့ တိုက်ပွဲထပ်ဖြစ်တယ်”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ကြောင့် သတ်ဖြတ်ခံရသူများ၏ အမည်နှင့် နေထိုင်သည့် ရွာများကို အတည်ပြုမနိုင်သေးသည့် အခြေအနေဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်က မီးရှို့ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့၍ မီးကျွမ်းပြီး အရိုးပြာများသာ ကျန်ရှိနေခြင်းကြောင့် မည်သူ၊မည်ဝါ ဖြစ်ကြောင်း အတည်ပြုရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုဆိုရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှာ တပ်မ (၆၆)လက်အောက်ခံ တပ်များ ဖြစ်သည်ဟု KNDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။