Connect with us

Hi, what are you looking for?

News

ဖရူဆိုဒေသခံ ၃၅ဦး စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်ခဲ့သည့် မိုဆိုရွာအနီး ယနေ့ တိုက်ပွဲထပ်ဖြစ်

“ကျွန်တော်တို့လည်း အဲဒီ သတင်းအချက်အလက်ကိုလိုက်နေတုန်းပဲ။ လိုက်နေတုန်းမှာ မနေ့က တက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေ ဘက်က အခုထပ်တက်လာတော့ တိုက်ပွဲထပ်ဖြစ်တယ်”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(မိုဆိုရွာအနီးတွင် ဒေသခံများ၏ ကားများကို စစ်ကောင်စီတပ်က မီရှို့ဖျက်ဆီးနေသည်ကို ယမန်နေ့က တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က အရပ်သာ ပြည်သူ ၃၅ဦးကို ကားပေါ်တင် မီးရှို့သတ်ဖြတ်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၅ရက်)နံနက်တွင်လည်း အဆိုပါကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။

ဒီဇင်ဘာ ၂၄ရက်က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ မိုဆိုရွာအနီးတွင် KNDFနှင့် ကရင်နီတပ်မတော် (KA)တို့က ခုခံတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများကို ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးရန် ညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပစ်လိုက် သည့်အပြင် ဒေသခံပြည်သူ ၃၅ဦးကိုလည်း မော်တော်ယာဉ်မျာနှင့်အတူ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

“ကျွန်တော်တို့လည်း အဲဒီ သတင်းအချက်အလက်ကိုလိုက်နေတုန်းပဲ။ လိုက်နေတုန်းမှာ မနေ့က တက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေ ဘက်က အခုထပ်တက်လာတော့ တိုက်ပွဲထပ်ဖြစ်တယ်”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ကြောင့် သတ်ဖြတ်ခံရသူများ၏ အမည်နှင့် နေထိုင်သည့် ရွာများကို အတည်ပြုမနိုင်သေးသည့် အခြေအနေဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်က မီးရှို့ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့၍ မီးကျွမ်းပြီး အရိုးပြာများသာ ကျန်ရှိနေခြင်းကြောင့် မည်သူ၊မည်ဝါ ဖြစ်ကြောင်း အတည်ပြုရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုဆိုရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှာ တပ်မ (၆၆)လက်အောက်ခံ တပ်များ ဖြစ်သည်ဟု KNDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမြင့်ကျွန်းအနီးတိုက်ပွဲစစ်သား၂၀ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကပေါက်တောနဲ့ ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ