Connect with us

Hi, what are you looking for?

News

မင်းတပ် CDFက တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦး​သေ

အကြမ်းဖက်စစ်ကောင်စီသည် ဒီဇင်ဘာ ၁၇ ရက်က စ၍ မင်းတပ်မြို့ ရှိ ကျေးရွာအချို့ကို အင်အား ၇၀ မှ၁၀၀ ကြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် မင်းတပ် CDF၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့)က ယနေ့ (ဒီဇင်ဘာ ၂၅)တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၌ စခန်းချနေသည့် စစ်ကောင်စီတပ်ကို CDF က ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး နှင့် ရဲတပ်သားတစ်ဦး သေဆုံးသည့်အပြင် MA 3 သေနတ်တစ်လက် နှင့် G3 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွင် မင်းတပ် CDFက အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းကလည်း မင်းတပ်မြို့ ပလိပ်ထွီရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပေါင်းစုံဖြင့် တိုက်ပွဲပြင်းထန်ခဲ့ သော်လည်း စစ်ကောင်စီတပ်သားသေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဒီဇင်ဘာ ၁၇ ရက်က စ၍ မင်းတပ်မြို့ ရှိ ကျေးရွာအချို့ကို အင်အား ၇၀ မှ၁၀၀ ကြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။

မင်းတပ် CDFနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်အတွင်းက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ဘုရားစခန်းရွာအနီးသို့လည်း တစ်ကျော့ပြန် နယ်ကျွံလာနေသည်။ စစ်ကောင်စီကို မောင်းထုတ်ရေးအတွက် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းသည့် တိုက်ခိုက်ရေးပုံစံဖြင့် စစ်ကောင်စီအား တုန့်ပြန်မည်ဟု မင်းတပ်CDF က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်