Connect with us

Hi, what are you looking for?

LuduNwayOo

News

မဲဆောက်ဘက်ခြမ်း နယ်စပ်တလျောက်မှာ ထိုင်းစစ်တပ်က သံချပ်ကာကားတွေနဲ့ကင်းလှည့်နေ

ထိုင်း − မြန်မာ နယ်စပ် နား မှာရှိတဲ့ မြန်မာဘက်ကခြမ်း KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်ဒေသ ကို ဒီဇင်ဘာလ လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျုးကျော်လာရာကနေ စစ်ရေးတင်းမာမှုတွေဖြစ်လာပြီး တိုက်ပွဲတွေဖြစ်နေတာပါ။

Photo- Mae Sot Medi

မြန်မာဘက်ခြမ်းမှာတိုက်ပွဲတွေဖြစ်နေပြီး ထိုင်းဘက်ကို လက်နက်ကြီးကျည်ကျတာတွေဖြစ်ပြီးတဲ့နောက် ထိုင်းစစ်တပ်ဟာ သံချပ်ကာကားတွေနဲ့ နှစ်နိုင်ငံ နယ်စပ်တလျောက် မဲဆောက်ဘက်ခြမ်းမှာ ကင်းလှည့်တာတွေကို လုပ်နေတယ်လို့ သိရပါတယ်။

Photo- Mae Sot Medi

ဒီနေ့မှာ မဲဆောက်က ထိုင်းပြည်သူတစ်ဦးရဲ့နေအိမ်ပေါ် လက်နက်ကြီး ကျည်ကျတာတွေရှိခဲ့တာပါ။

Photo- Mae Sot Medi

အဲဒီနောက်မှာတော့ ထိုင်းဘက်က လုံခြုံရေးတင်းကျပ်လာသလို နယ်စပ်တလျောက်မှာ သံချပ်ကာကားတွေနဲ့ ကင်းလှည့်နေတာကို ဒေသခံမီဒီယာတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo- Mae Sot Medi

ထိုင်း − မြန်မာ နယ်စပ် နား မှာရှိတဲ့ မြန်မာဘက်ကခြမ်း KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်ဒေသ ကို ဒီဇင်ဘာလ လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျုးကျော်လာရာကနေ စစ်ရေးတင်းမာမှုတွေဖြစ်လာပြီး တိုက်ပွဲတွေဖြစ်နေတာပါ။

Public Service Announcement

Public Service Announcement

Photo- Mae Sot Medi

စစ်ကောင်စီဟာ လေးကေကော်ဒေသကို လက်နက်ကြီးတွေ နဲ့ပစ်ခတ်နေသလို ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်းဆက်တိုက်လုပ်နေပါတယ်။

Photo- Mae Sot Medi

ဒါကြောင့် လူနေရွာတွေထဲ လက်နက်ကြီးကျလို့ ဒေသခံ ပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဆက်စပ်သတင်းများ

သတင်း

KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။

သတင်း

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ လေယာဥ်ဆင်းသက်ရန် ခွင့်တောင်း၍ ခေါ်ယူရန်စီစဥ်ခဲ့ခြင်းဟု Thai PBSက ဖော်ပြသည်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

သတင်း

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။