Connect with us

Hi, what are you looking for?

News

မဲဆောက်ဘက်ခြမ်း နယ်စပ်တလျောက်မှာ ထိုင်းစစ်တပ်က သံချပ်ကာကားတွေနဲ့ကင်းလှည့်နေ

ထိုင်း − မြန်မာ နယ်စပ် နား မှာရှိတဲ့ မြန်မာဘက်ကခြမ်း KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်ဒေသ ကို ဒီဇင်ဘာလ လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျုးကျော်လာရာကနေ စစ်ရေးတင်းမာမှုတွေဖြစ်လာပြီး တိုက်ပွဲတွေဖြစ်နေတာပါ။

Photo- Mae Sot Medi

မြန်မာဘက်ခြမ်းမှာတိုက်ပွဲတွေဖြစ်နေပြီး ထိုင်းဘက်ကို လက်နက်ကြီးကျည်ကျတာတွေဖြစ်ပြီးတဲ့နောက် ထိုင်းစစ်တပ်ဟာ သံချပ်ကာကားတွေနဲ့ နှစ်နိုင်ငံ နယ်စပ်တလျောက် မဲဆောက်ဘက်ခြမ်းမှာ ကင်းလှည့်တာတွေကို လုပ်နေတယ်လို့ သိရပါတယ်။

Photo- Mae Sot Medi

ဒီနေ့မှာ မဲဆောက်က ထိုင်းပြည်သူတစ်ဦးရဲ့နေအိမ်ပေါ် လက်နက်ကြီး ကျည်ကျတာတွေရှိခဲ့တာပါ။

Photo- Mae Sot Medi

အဲဒီနောက်မှာတော့ ထိုင်းဘက်က လုံခြုံရေးတင်းကျပ်လာသလို နယ်စပ်တလျောက်မှာ သံချပ်ကာကားတွေနဲ့ ကင်းလှည့်နေတာကို ဒေသခံမီဒီယာတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo- Mae Sot Medi

ထိုင်း − မြန်မာ နယ်စပ် နား မှာရှိတဲ့ မြန်မာဘက်ကခြမ်း KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်ဒေသ ကို ဒီဇင်ဘာလ လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျုးကျော်လာရာကနေ စစ်ရေးတင်းမာမှုတွေဖြစ်လာပြီး တိုက်ပွဲတွေဖြစ်နေတာပါ။

Public Service Announcement

Public Service Announcement

Photo- Mae Sot Medi

စစ်ကောင်စီဟာ လေးကေကော်ဒေသကို လက်နက်ကြီးတွေ နဲ့ပစ်ခတ်နေသလို ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်းဆက်တိုက်လုပ်နေပါတယ်။

Photo- Mae Sot Medi

ဒါကြောင့် လူနေရွာတွေထဲ လက်နက်ကြီးကျလို့ ဒေသခံ ပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

သတင်း

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။