Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဟု ဗိုလ်ဂျပန်ပြော

တိုက်ပွဲ ဖြစ်စဥ်တွင် ပဒေသာ ရီမုမိုင်းနှင့် တိုက်မိုင်း အလုံး ၂၀ ကျော် အသုံးပြုခဲ့ပြီး ပူပေါင်းတိုက်ခိုက်ခဲ့သည့် PRA တပ်ခွဲ(၆) ဗိုလ်ထူးကြီးအဖွဲ့ ၊Pale People’s Defense Force- Headquarters နှင့် ဗိုလ်ကျားလေး အဖွဲ့တို့မှ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း သိရသည်။

(အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PRA တပ်ခွဲ(၆)မှ ရဲဘော်များကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး အများအပြားဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၂၀ ခန့်ရှိ ခြေလျင် စစ်ကြောင်းကို ပုလဲမြို့နယ်သာယာကုန်းရွာ အနောက်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု PRA က ဆိုသည်။

“စစ်တပ်ရဲ့ လမ်းကြောင်းနဲ့ စစ်ရေးတိုးချဲ့ပုံကိုအမြဲတစေ စောင့်ကြည့်နေရင်းနဲ့ ဒီနေ့ မနေ့ပိုင်း ထိတွေ့မှုဖြစ် တာပေါ့။စစ်သား သုံးယောက်ကတော့ နေရာတင်ပွဲချင်းပြီးတယ်။ဒဏ်ရာရတဲ့သူလည်း တော်တေယ်များ တယ်ဆိုတာ အတည်ပြုရပါတယ်”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်တွင် ပဒေသာ ရီမုမိုင်းနှင့် တိုက်မိုင်း အလုံး ၂၀ ကျော် အသုံးပြုခဲ့ပြီး ပူပေါင်းတိုက်ခိုက်ခဲ့သည့် PRA တပ်ခွဲ(၆) ဗိုလ်ထူးကြီးအဖွဲ့ ၊Pale People’s Defense Force- Headquarters နှင့် ဗိုလ်ကျားလေး အဖွဲ့တို့မှ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၅ ရက်ကလည်း မကွေးနှင့်စစ်ကိုင်းတွင် အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။