Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဟု ဗိုလ်ဂျပန်ပြော

တိုက်ပွဲ ဖြစ်စဥ်တွင် ပဒေသာ ရီမုမိုင်းနှင့် တိုက်မိုင်း အလုံး ၂၀ ကျော် အသုံးပြုခဲ့ပြီး ပူပေါင်းတိုက်ခိုက်ခဲ့သည့် PRA တပ်ခွဲ(၆) ဗိုလ်ထူးကြီးအဖွဲ့ ၊Pale People’s Defense Force- Headquarters နှင့် ဗိုလ်ကျားလေး အဖွဲ့တို့မှ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း သိရသည်။

(အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PRA တပ်ခွဲ(၆)မှ ရဲဘော်များကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး အများအပြားဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၂၀ ခန့်ရှိ ခြေလျင် စစ်ကြောင်းကို ပုလဲမြို့နယ်သာယာကုန်းရွာ အနောက်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု PRA က ဆိုသည်။

“စစ်တပ်ရဲ့ လမ်းကြောင်းနဲ့ စစ်ရေးတိုးချဲ့ပုံကိုအမြဲတစေ စောင့်ကြည့်နေရင်းနဲ့ ဒီနေ့ မနေ့ပိုင်း ထိတွေ့မှုဖြစ် တာပေါ့။စစ်သား သုံးယောက်ကတော့ နေရာတင်ပွဲချင်းပြီးတယ်။ဒဏ်ရာရတဲ့သူလည်း တော်တေယ်များ တယ်ဆိုတာ အတည်ပြုရပါတယ်”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်တွင် ပဒေသာ ရီမုမိုင်းနှင့် တိုက်မိုင်း အလုံး ၂၀ ကျော် အသုံးပြုခဲ့ပြီး ပူပေါင်းတိုက်ခိုက်ခဲ့သည့် PRA တပ်ခွဲ(၆) ဗိုလ်ထူးကြီးအဖွဲ့ ၊Pale People’s Defense Force- Headquarters နှင့် ဗိုလ်ကျားလေး အဖွဲ့တို့မှ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၅ ရက်ကလည်း မကွေးနှင့်စစ်ကိုင်းတွင် အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။