Connect with us

Hi, what are you looking for?

LuduNwayOo

News

ကော့ကရိတ်မှာ စစ်ကောင်စီတပ်ရင်းမှူး၊ တပ်ခွဲမှူးတွေထိပြီးနောက် လေကြောင်းကပါစတိုက်

KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစဖြစ်ပွားချိန်ဖြစ်တဲ့ မနက် ၅ နာရီခွဲကနေ ၉ နာရီခွဲအထိ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီ ခလရ(၉၇) တပ်ထဲကနေ လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

People's Spring
People's Spring

ကော့ကရိတ်မြို့ အာရှလမ်းမအနီးမှာ ဒီကနေ့မနက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူး တပ်ခွဲမှူးတွေအပါအဝင် ၉ ဦးသေဆုံးပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူ သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

ဒီကနေ့မနက် ၅ နာရီခွဲအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ အာရှလမ်းအနီးမှာရှိတဲ့ ကေအဲန်ယူမွေးမြူရေးဇုန်ထဲကို စစ်ကောင်စီတပ်က နယ်မြေကျော်ရောက်ရှိလာလို့ KNLA တပ်မဟာ ၆ နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး တပ်ခွဲမှူးတစ်ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ သတင်းရင်းမြစ်ထံတစ်ဦးထံကနေ သိရပါတယ်။

KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစဖြစ်ပွားချိန်ဖြစ်တဲ့ မနက် ၅ နာရီခွဲကနေ ၉ နာရီခွဲအထိ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီ ခလရ(၉၇) တပ်ထဲကနေ လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့ အာရှလမ်းမအနီး ကေအဲန်ယူမွေးမြူရေးဇုန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် သေဆုံးထိခိုက်ဒဏ်ရာရရှိတွေ များပြားနေလို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ ပြုလုပ်ခဲ့ရတယ်လို့ ကေအဲန်ယူ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကော့ကရိတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဗုံးသီးတွေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။