Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မှာ စစ်ကောင်စီတပ်ရင်းမှူး၊ တပ်ခွဲမှူးတွေထိပြီးနောက် လေကြောင်းကပါစတိုက်

KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစဖြစ်ပွားချိန်ဖြစ်တဲ့ မနက် ၅ နာရီခွဲကနေ ၉ နာရီခွဲအထိ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီ ခလရ(၉၇) တပ်ထဲကနေ လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

People's Spring
People's Spring

ကော့ကရိတ်မြို့ အာရှလမ်းမအနီးမှာ ဒီကနေ့မနက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူး တပ်ခွဲမှူးတွေအပါအဝင် ၉ ဦးသေဆုံးပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူ သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

ဒီကနေ့မနက် ၅ နာရီခွဲအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ အာရှလမ်းအနီးမှာရှိတဲ့ ကေအဲန်ယူမွေးမြူရေးဇုန်ထဲကို စစ်ကောင်စီတပ်က နယ်မြေကျော်ရောက်ရှိလာလို့ KNLA တပ်မဟာ ၆ နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး တပ်ခွဲမှူးတစ်ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ သတင်းရင်းမြစ်ထံတစ်ဦးထံကနေ သိရပါတယ်။

KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစဖြစ်ပွားချိန်ဖြစ်တဲ့ မနက် ၅ နာရီခွဲကနေ ၉ နာရီခွဲအထိ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီ ခလရ(၉၇) တပ်ထဲကနေ လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့ အာရှလမ်းမအနီး ကေအဲန်ယူမွေးမြူရေးဇုန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် သေဆုံးထိခိုက်ဒဏ်ရာရရှိတွေ များပြားနေလို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ ပြုလုပ်ခဲ့ရတယ်လို့ ကေအဲန်ယူ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကော့ကရိတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဗုံးသီးတွေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။