Connect with us

Hi, what are you looking for?

News

ဓမ္မာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို YDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား တစ်ဦးသေ

ဇင်ဘာ ၂၅ရက် ညနေပိုင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယောဒေသရှိ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲရာနေရာများအနီး သွားလာနေထိုင်ခြင်း မပြုဘဲ ရှောင်ရှားကြရန် YDF က နှိုးဆော်ထားသည်။

(YDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - YDF)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ဓမ္မာရုံတစ်ခုတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဂန့်ဂေါမြို့နယ် ယောဒေသကာကွယ်ရေးတပ်(YDF)က စစ်ဆင်ရေး ပြုလုပ်ခဲရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ဟု YDF က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၅ရက် ညနေပိုင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယောဒေသရှိ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲရာနေရာများအနီး သွားလာနေထိုင်ခြင်း မပြုဘဲ ရှောင်ရှားကြရန် YDF က နှိုးဆော်ထားသည်။

စစ်ကောင်စီက ဒေသနေပြည်သူများကို ဖမ်းပြီး လူပြန်ပေးဆွဲသည့် ဂိုဏ်းဆန်ဆန်ပြည်သူများအပေါ် ငွေညှစ်နေသည်များကို ရပ်တန့်ရန်က တောင်းဆိုခဲ့ပြီး ဆက်ကျူးလွန်နေပါက ကျူးလွန်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများအပါအဝင် ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးကို အာမခံချက်မပေးနိုင်ဟု ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook