Connect with us

Hi, what are you looking for?

LuduNwayOo

News

ဓမ္မာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို YDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား တစ်ဦးသေ

ဇင်ဘာ ၂၅ရက် ညနေပိုင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယောဒေသရှိ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲရာနေရာများအနီး သွားလာနေထိုင်ခြင်း မပြုဘဲ ရှောင်ရှားကြရန် YDF က နှိုးဆော်ထားသည်။

(YDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - YDF)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ဓမ္မာရုံတစ်ခုတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဂန့်ဂေါမြို့နယ် ယောဒေသကာကွယ်ရေးတပ်(YDF)က စစ်ဆင်ရေး ပြုလုပ်ခဲရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ဟု YDF က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၅ရက် ညနေပိုင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယောဒေသရှိ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲရာနေရာများအနီး သွားလာနေထိုင်ခြင်း မပြုဘဲ ရှောင်ရှားကြရန် YDF က နှိုးဆော်ထားသည်။

စစ်ကောင်စီက ဒေသနေပြည်သူများကို ဖမ်းပြီး လူပြန်ပေးဆွဲသည့် ဂိုဏ်းဆန်ဆန်ပြည်သူများအပေါ် ငွေညှစ်နေသည်များကို ရပ်တန့်ရန်က တောင်းဆိုခဲ့ပြီး ဆက်ကျူးလွန်နေပါက ကျူးလွန်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများအပါအဝင် ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးကို အာမခံချက်မပေးနိုင်ဟု ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။