Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၍ စခန်းကုန်းမှစွန့်ခွာခဲ့ရဟု MDF အသိ​ပေး

ဆုတ်ခွာစဥ် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုမှ ကျည်စင်၍ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေ အနေမရှိတော့ဟု ၎င်းက ဆိုသည်။

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် စခန်းကုန်းမှ စွန့်ခွာခဲ့ရကြောင်း MDF Special Forces က ယနေ့ ထုတ်ပြန်သည်။

သို့သော် စခန်းကုန်းပတ်လည်တွင် ထောင်ထားခဲ့သည့် မိုင်းများကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းလည်း MDF Special Forces က ဆိုသည်။

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

“MDF နဲ့ ကျွန်တော်တို့ မင်းကင်း PDF အဖွဲ့ ရဲ့ ပူးပေါင်း နေရာကို မနေ့က(ဒီဇင်ဘာ ၂၆ ရက်)နေ့လည် ၁ နာရီခွဲလောက်မှာ စစ်တပ်က ဝင်လာတယ်။လူအင်အားချင်းတော့ ယှဥ်နိုင်ပေမယ့် လက်နက် မမျှတော့ ဆုတ်ခွာပေးခဲ့ရတယ်”ဟု မင်းကင်း PDF မှ ဗိုလ်လွင်က လူထုနွေဦးသို့ ပြောသည်။

ဆုတ်ခွာစဥ် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုမှ ကျည်စင်၍ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေ အနေမရှိတော့ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

ပြည်သူများ၏ ထောက်ပံကူညီမှုဖြင့်ဆင်ထားခဲ့သောမိုင်းနှင့်တောလမ်းကျွမ်းကျင်မှုတို့ကြောင့်ရဲဘော်အားလုံးအသက်ဘေးနှင့် လွတ်ခဲ့ရ​ပြီး မကြာမီ ပြန်လည်တိုက်စစ်ဆင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းခံရသော မင်းကင်း PDFနှင့်
MDF Special Forces တို့သည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ စစ်ကောင်စီ၏ ထောက်ပံ့ရေးလမ်းကြောင်းကို အဓိက တိုက်ခိုက်မှုများပြုလုပ်ထားသောအဖွဲ့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။