Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၍ စခန်းကုန်းမှစွန့်ခွာခဲ့ရဟု MDF အသိ​ပေး

ဆုတ်ခွာစဥ် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုမှ ကျည်စင်၍ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေ အနေမရှိတော့ဟု ၎င်းက ဆိုသည်။

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် စခန်းကုန်းမှ စွန့်ခွာခဲ့ရကြောင်း MDF Special Forces က ယနေ့ ထုတ်ပြန်သည်။

သို့သော် စခန်းကုန်းပတ်လည်တွင် ထောင်ထားခဲ့သည့် မိုင်းများကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းလည်း MDF Special Forces က ဆိုသည်။

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

“MDF နဲ့ ကျွန်တော်တို့ မင်းကင်း PDF အဖွဲ့ ရဲ့ ပူးပေါင်း နေရာကို မနေ့က(ဒီဇင်ဘာ ၂၆ ရက်)နေ့လည် ၁ နာရီခွဲလောက်မှာ စစ်တပ်က ဝင်လာတယ်။လူအင်အားချင်းတော့ ယှဥ်နိုင်ပေမယ့် လက်နက် မမျှတော့ ဆုတ်ခွာပေးခဲ့ရတယ်”ဟု မင်းကင်း PDF မှ ဗိုလ်လွင်က လူထုနွေဦးသို့ ပြောသည်။

ဆုတ်ခွာစဥ် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုမှ ကျည်စင်၍ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေ အနေမရှိတော့ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

ပြည်သူများ၏ ထောက်ပံကူညီမှုဖြင့်ဆင်ထားခဲ့သောမိုင်းနှင့်တောလမ်းကျွမ်းကျင်မှုတို့ကြောင့်ရဲဘော်အားလုံးအသက်ဘေးနှင့် လွတ်ခဲ့ရ​ပြီး မကြာမီ ပြန်လည်တိုက်စစ်ဆင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းခံရသော မင်းကင်း PDFနှင့်
MDF Special Forces တို့သည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ စစ်ကောင်စီ၏ ထောက်ပံ့ရေးလမ်းကြောင်းကို အဓိက တိုက်ခိုက်မှုများပြုလုပ်ထားသောအဖွဲ့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook