Connect with us

Hi, what are you looking for?

News

မင်းတပ်တိုက်ပွဲဗိုလ်ကြီးအပါအဝင်စစ်​ကောင်စီတပ်၁၀ဦး​သေ၊ CDFရဲ​ဘော်တစ်ဦးကျဆုံးပြီးလက်နက် ၂ လက်ရ

စစ်ကောင်စီကို မောင်းထုတ်ရေးအတွက် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းသည့် တိုက်ခိုက်ရေးပုံစံဖြင့် တုန့်ပြန်မည်ဟု CDF-မင်းတပ်က ကြိုတင်သတိပေးထားခဲ့သည်။

(သိမ်းဆည်းရမိ​သောလက်နက် ၂လက် ။ဓါတ်ပုံ-CDF-မင်းတပ်)

မင်းတပ်တွင် ဒီဇင်ဘာ ၁၇ရက်ကစ၍ ဖြစ်ပွားသော ၁၀ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားခဲ့သည်ဟု CDF-မင်းတပ်က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၁၇ ရက်မှစ၍ ဒီဇင်ဘာ ၂၆ အထိ မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကြောင်း ၂ ကြောင်းဖြင့်စတင်ထိုးစစ်ဆင်လာခဲ့ပြီး ချင်း​ဒေသကာကွယ်‌ရေးတပ်ဖွဲ့ -မင်းတပ် (CDF-MINDAT)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဆယ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်ကြီးတစ်ဦး၊ရဲတစ်ဦးအပါအဝင်၁၀ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားခဲ့သည်ဟုCDF -မင်းတပ်က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၆ တိုက်ပွဲတွင် CDF-မင်းတပ်ဘက်က ရဲ​ဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်​ကောင်စီတပ်ဘက်မှ ၈ ဦး​သေဆုံးကာအများအပြားအများ ဒဏ်ရာရရှိခဲ့သည်။ထိုအပြင် ဒီဇင်ဘာ ၂၄ မင်းတပ်မြို့ပေါ် တိုက်ပွဲတွင်မူ စစ်ကောင်စီဘက်က ဗိုလ်ကြီး တစ် ဦးကို ပြောက်ကျားနည်းဖြင့်CDF-မင်းတပ်က တိုက်ခိုက်သုတ်သင်နိုင်ခဲ့ပြီး လက်နက် ၂ လက်သိမ်းယူနိုင်ခဲ့သည်။ ဒီဇင်ဘာ ၂၄ရက်ကတိုက်ပွဲသတင်းကို ယနေ့ (ဒီဇင်ဘာ ၂၇)မှထုတ်ပြန်သော်လည်း CDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ Yaw Mang က ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အောက်ပါအတိုင်း ရေးတင်ထားခဲ့သည်။

” ဒီနေ့ (Dec 24) မှာ CDF-မင်းတပ် က မြို့ထဲသွားပြီး စကစဆီက ခရစ်စမတ်လက်ဆောင် မရမက တောင်းထားတယ်။ နောက်‌နေ့ကျ အများသိအောင် ဖြန့်ပေးမယ်” ဟု ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို မောင်းထုတ်ရေးအတွက် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းသည့် တိုက်ခိုက်ရေးပုံစံဖြင့် တုန့်ပြန်မည်ဟု CDF-မင်းတပ်က ကြိုတင်သတိပေးထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။