Connect with us

Hi, what are you looking for?

News

ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦး စစ်ကြောရေးတွင် ကျဆုံး

ကိုအောင်ဘုန်းကျော် ကျဆုံးမှုနှင့်ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ထားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ဘုန်းကျော်သည် စစ်ကြောရေး၌ ယနေ့(ဒီဇင်ဘာ ၂၇)ကျဆုံးသွားကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

ကိုအောင်ဘုန်းကျော်သည် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ယမန်နေ့(ဒီဇင်ဘာ ၂၆)က တာမွေမြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့အဖမ်းခံရပြီး တစ်ရက်အကြာ စစ်ကြောရေးသို့ ရောက်ရှိနေစဥ် ယခုကဲ့သို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် ကိုအောင်ဘုန်းကျော်နှင့်အတူ ဘူမိဗေဒတတိယနှစ်ကျောင်းသား ကိုသူရအောင်းလည်း အဖမ်းခံခဲ့ရပြီး လက်ရှိတွင် ကိုသူရအောင်မှာ စစ်ကြောရေး၌ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကိုအောင်ဘုန်းကျော် ကျဆုံးမှုနှင့်ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။