Connect with us

Hi, what are you looking for?

LuduNwayOo

News

နတ်ချောင်းရွာရှိ နေအိမ်နှင့် ပစ္စည်းများကို စစ်ကောင်စီတပ် ငါးကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီး

ယနေ့တွင် နတ်ချောင်းရွာနှင့် ဆက်စပ်နေသည့် ချောင်းခွရွာဘက်သိုပ့ စစ်ကောင်စီတပ်များ ဝင်ရောက်နေကြောင်း သိရသည်ဟု နတ်ချောင်းရွာခံက ပြောသည်။

▪️နေအိမ်မီးမရှို့ရန်တားသည့် (၈၉)နှစ်အရွယ်အဘွားအိုအား ပစ်သတ်သွားဟုဒေသခံပြော

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ၂၈)နံနက်က ထပ်မံမီးရှို့ခဲ့ရာ နေအိမ် ငါးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း နတ်ချောင်းဒေသခံတစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ ဝင်ရောက်စီးနင်းခဲ့ရာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။ ဒီဇင်ဘာ ၂၃ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၂၆ရက် ညနေပိုင်း၌ တစ်ကြိမ်၊ ၂၇ရက် နံနက်နှင့် ညပိုင်း၌ တစ်ကြိမ်စီ၊ ယနေ့ နံနက်တွင် တစ်ကြိမ် စုစုပေါင်း ငါးကြိမ်မီးရှို့ခဲ့ရာ ​လေးကြိမ်မှာ နေအိမ်များကို မီးရှို့ခြင်းဖြစ်ပြီး တစ်ကြိမ်မှာ ဆိုင်ကယ်၊ ကားများကို မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ခန့်မှန်းခြေ နတ်ချောင်းက အိမ်ခြေ ၂၀လောက်တော့ ပါသွားပြီ။ ဖြစ်စဉ် အကုန်လုံးပေါ့။ နောက်ပြီးတော့ ရွာလည်ထဲက အိမ်တစ်အိမ်မှာ သူတို့ မီးရှို့ဖို့လုပ်တဲ့အချိန်မှာ (၈၉)နှစ်အဖွားကြီးပေါ့ အဲဒါ မီးမရှို့ဖို့တားတာကို သူတို့ ပစ်သတ်ထားခဲ့တယ်”ဟု နတ်ချောင်းရွာခံတစ်ဦးက ယနေ့ ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လမ်းသွားလမ်းလာများကို ပစ်ခတ်ခြင်း ၊ လူဝင်ရောက်ဖမ်းဆီးစဉ်တားဆီးသူများကို ပစ်သတ်ခြင်းနှင့် ဒီဇင်ဘာ ၂၃ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် အပါအဝင် စစ်ကောင်စီ နတ်ချောင်းရွာသို့ ဝင်ရောက်လာသည့် ဒီဇင်ဘာ ၂၂ရက်မှ ၂၈ရက်အတွင်း အရပ်သားပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

ယနေ့တွင် နတ်ချောင်းရွာနှင့် ဆက်စပ်နေသည့် ချောင်းခွရွာဘက်သိုပ့ စစ်ကောင်စီတပ်များ ဝင်ရောက်နေကြောင်း သိရသည်ဟု နတ်ချောင်းရွာခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။