Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင်၎င်းတို့နှင့်မပူး​ပေါင်းလျှင် မြို့ရွာများကိုဖျက်မည်ဟုခြိမ်း​ခြောက်

“မင်းတို့ မြို့တွေ ရွာတွေ အပျက်ခံမှာလား။ တပ်မတော်နှင့်ပူးပေါင်းပြီး PDF ကို တိုက်ဖျက်ကြ” ဟု ရေးသားထားသော စာများကို ကျေးရွာအချို့ကို စစ်ကြောင်းထိုးစဥ်ချထားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီ၏ဝါဒဖြန့်စာ)

“စစ်ခွေးတွေ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာကို ပြည်သူကချီးရွံသလိုကို ရွံနေပြီ။ နာကျည်းနေပြီ”​ဒေသခံတစ်ဦး

​ဒေသအများစုတွင်ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး၊လုယက်​နေ​သောနေ​သောအကြမ်းဖက်စစ်ကောင်စီတပ်က၎င်းတို့နှင့် မပူးပေါင်းပါကမြို့နှင့်ရွာများကို မီးရှို့မည်ဟူသော ခြိမ်းခြောက်ဝါဒဖြန့်စာများကို စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့တွင် ချထားခဲ့သည်ဟု ဒေသခံများကပြောသည်။

“မင်းတို့ မြို့တွေ ရွာတွေ အပျက်ခံမှာလား။ တပ်မတော်နှင့်ပူးပေါင်းပြီး PDF ကို တိုက်ဖျက်ကြ” ဟု ရေးသားထားသော စာများကို ကျေးရွာအချို့ကို စစ်ကြောင်းထိုးစဥ်ချထားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

“စစ်ခွေးက စစ်ခွေးဥာဏ်နဲ့ အခုလို စာတွေချတာ။ ဘယ်သူက ဘယ်လိုယုတ်မာနေလဲဆိုတာ တမဟုတ်ချင်းသိတဲ့ခေတ်။ PDF က ပြည်သူကနေ ဖြစ်တာ။ ကျမတို့ရွာလည်း မီးရှို့ခံရတယ်။ စစ်ခွေးတွေ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာကို ပြည်သူက ချီးရွံသလိုကို ရွံနေပြီ။ နာကျည်းနေပြီ”ဟု စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ကလေး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကျွန်းလှ၊ ကနီနှင့် မင်းကင်းမြို့နယ်စသဖြင့် ခုခံ​တွန်းလှန်မှုအားကောင်းသည့် ဒေသရှိ​ကျေးရွာများရှိပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၊ဖျက်ဆီး​နေဆဲဖြစ်သည်။ စစ်ကိုင်းတိုင်းအပြင် ချင်းပြည်နယ် ၊မ​ကွေးတိုင်း ၊ကယားပြည်နယ် စ​သော​ဒေသများမှ မြို့ရွာ ပေါင်း ရာနှင့်ချီ မီးရှို့ဖျက်ဆီးခြင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီးခြင်း ၊ပြည်သူများ၏ ​နေအိမ်အတွင်းမှ ပစ္စည်းများကို ​ဖောက်ထွင်းခိုးယူခြင်း၊ ဘာသာရေးအဆောက်အဦးအချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း
၊ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးခြင်း ၊ဖမ်းဆီးပြီး​ငွေညှစ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ​​ဒေသအနှံ့တွင်ကျူးလွန်​နေသည်။ အထူးသဖြင့် စစ်​ကောင်စီတပ်က ၎င်းတို့အထိ့နာ​လေ ပြည်သူများထိ့ခိုက်​အောင်ပိုမိုလုပ်​လေဖြစ်သည်။ထို​ကြောင့် ပြည်သူများက ၎င်းတို့ကို ​ကြောက်သည်ထက်နာကျည်းမုန်းတီးကာ အရှိန်မြှင့်ပိုမို​တော်လှန်​လာကြသည်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း ကရင်နီပြည်နယ်၊ဒီမောဆိုမြို့နယ်၊ မူဆိုကျေးရွာမှ က​လေးငယ်အချို့အပါအဝင်အရပ်သား ၃၅ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့၍ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက စစ်​ကောင်စီ၏လုပ်ရပ်အ​ပေါ်ပြင်းထန်စွာရှုတ်ချ​နေသည်။ ယနေ့ နံနက်တွင်လည်း ကရင်ပြည်နယ် လေးကေကော်မြို့မှ နေအိမ်အချို့ကိုအာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။