Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် စစ်ကောင်စီမီးရှို့ သတ်ဖြတ်ခဲ့သည့် ပြည်သူများ၏ စျာပန

စစ်ဆေးချက်အရ စုစုပေါင်းအလောင်း၃၃ လောင်းနှင့် ကျိုးပဲ့နေသောအပိုင်းအစတို့ကို တစ်ပါးတည်းမြုတ်နှံခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီး မီးရှို့သတ် ဖြတ်ခဲ့သည့် ပြည်သူများ၏ အလောင်းများကို ယ​နေ့(ဒီဇင်ဘာလ ၂၉ ရက်) နံနက် ၁၀ ခွဲတွင် မိဘဆွေမျိုးများနှင့် ကရင်နီ ရဲဘော်များက မြေမြုတ်သဂြိုလ်ပေးခဲ့ကြောင်း ကရင်နီဒေသ အခြေစိုက် ကန္တာရဝတီတိုမ်းက သတင်းဖော်ပြသည်။

စစ်ဆေးချက်အရ စုစုပေါင်းအလောင်း၃၃ လောင်းနှင့် ကျိုးပဲ့နေသောအပိုင်းအစတို့ကို တစ်ပါးတည်းမြုတ်နှံခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၄ရက်က ဖရူဆို ဒေသခံ ၃၅ဦးကို ဖမ်းဆီးပြီး ကားပေါ်တင် မီးရှို သတ်ဖြတ်ခဲ့ရာ ယင်းသတ်ဖြတ်ခံရသူများထဲတွင် ကလေးငယ် နှင့် အမျိုးသမီးများပါဝင်ကြောင်း၊ ထို့ပြင် Save the Children မှ ဝန်ထမ်း၂ဦး လည်း ပါဝင်​ကြောင်း သက်ဆိုင်ရာ အဖွဲ့များက အတည်ပြုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

Facebook