Connect with us

Hi, what are you looking for?

LuduNwayOo

News

‘ပျံလွှားအောင်’ စစ်ဆင်ရေး၏ စစ်ရေးတုန့်ပြန်မှုအဖြစ် ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုတွင် ဖောက်ခွဲတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုများကို မှော်ဘီ၊ စမ်းချောင်း၊ မဂ်လာဒုံ၊ ကွမ်းခြံကုးန်၊ တောင်ဒဂုံ၊ လှိုင်၊ အင်းစိန်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ဒဏ်ရာရ သူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘ပျံလွှားအောင်’ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် အကြမ်းဖက်စစ်ကောင်စီတပ်များအား စစ်ရေးအရ တုန့်ပြန်မှုများကို မြို့နယ်ရှစ်ခုတွင် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၉) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို မှော်ဘီ၊ စမ်းချောင်း၊ မဂ်လာဒုံ၊ ကွမ်းခြံကုးန်၊ တောင်ဒဂုံ၊ လှိုင်၊ အင်းစိန်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ဒဏ်ရာရ သူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မှော်ဘီ

မှော်ဘီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၉၁) ဂိတ်ကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၄၅ ခန့်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ STF တပ်ဖွဲ့ဝင်များနှင့် YLA တပ်ဖွဲ့ဝင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူစစ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စမ်းချောင်း

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းရှိ တရားရုံးအနီးနှင့် ဂွဈေးအနီးတို့တွင် နေရာယူထားသည့် စစ်ကောင်စီတပ်များအား ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

မင်္ဂလာဒုံ

မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ရေကြည်အိုင်စစ်ကြောရေးစခန်းနှင့် လှော်ကား ပင်မဓာတ်အားခွဲရုံအနီးသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီခွဲနှင့် ညနေ ၄ နာရီကြား အချိန်အတွင်း မိုင်းခွဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် DRF တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကွမ်းခြံကုန်း

ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာအဝင် စစ်ဆေးရေးဂိတ်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၃ နာရီခွဲခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တောင်ဒဂုံ

တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ်လမ်းဆုံအနီး လှည့်သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီနှင့် ၆ နာရီခွဲကြားတွင် မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ACPLF နှင့် SSUG တပ်ဖွဲ့ဝင်များက မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လှိုင်

လှိုင်မြို့နယ် ဘူတာရုံလမ်းနှင့် အောက်ဗဟိုလမ်းကြားရှိ ရထားသံလမ်းအနီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ဒီဇင်ဘာ ၂၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းလှည့်ဆိုင်ကယ်တစ်စီးပျက်စီးကာ ရန်သူစစ် သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

အင်းစိန်

အင်းစိန်မြို့နယ်၊ ရွာမရဲစခန်းကို ဒီဇင်ဘာ ၂၉ ရက်(ယနေ့) နံနက် ၆ နာရီခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူရဲသား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် YFA နှင့် CGF-HTY အဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်တံတား

ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းအခွန်ရုံးရှေ့ရှိ စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာ ၂၉ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲခန့်တွင် လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေများ အသုံးပြုသည့် ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် YRF တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။