Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ်ရှိ နေအိမ် ၉၄လုံးနှင့် စပါးတင်း ၂,၀၀၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကျန်ကျေးရွာများတွင် ကျီကုန်းကျေးရွာမှ နေအိမ် ၂၄ လုံး၊ ကျွန်းလယ်မှ လေးလုံး၊ မြောက်အင်းမှ နေအိမ်လေးလုံးနှင့် ဆိုင်နှင့် ရိုဒေါင်တစ်လုံးစီနှင့် ပုတီးကျေးရွာမှ နေအိမ်တစ်လုံး အသီးသီးဖြစ်ကြောင်း တန့်ဆည် ကပဖ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ နေအိမ် ၉၄လုံးနှင့် စပါးတင်း ၂,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကပဖ)မှ ယနေ့(ဒီဇင်ဘာ ၂၉)ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများတွင် ကာပေါင်းကျ၊ ကျီကုန်း၊ ကျွန်းလယ်၊ ပုတီးနှင့် မြောက်အင်းကျေးရွာများပါဝင်ပြီး ကာပေါင်းကျကျေးရွာမှာ နေအိမ် ၆၁ လုံးနှင့် ဆိုင်ကယ်အစီး ၃၀ ဖြင့် ဖျက်ဆီးခံခဲ့ရမှု အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကျန်ကျေးရွာများတွင် ကျီကုန်းကျေးရွာမှ နေအိမ် ၂၄ လုံး၊ ကျွန်းလယ်မှ လေးလုံး၊ မြောက်အင်းမှ နေအိမ်လေးလုံးနှင့် ဆိုင်နှင့် ရိုဒေါင်တစ်လုံးစီနှင့် ပုတီးကျေးရွာမှ နေအိမ်တစ်လုံး အသီးသီးဖြစ်ကြောင်း တန့်ဆည် ကပဖ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အထက်ပါကျေးရွာများအတွင်း စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် ဝင်ရောက်ဖျက်ဆီးသောင်းကျန်းခဲ့ကြသည့်အပြင် ဒေသခံပြည်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ် ဖမ်းခံရတာလို့ပဲပြောနိုင်တယ်ဗျ။ သတ်ပြီးပြီလား မသတ်သေးဘူးလားဆိုတာတော့ အလောင်းဖျောက်ထားရင် ကျွန် တော်တို့မသိနိုင်ဘူးလေ ဒါကြောင့်ပါ”ဟု တန့်ဆည်ကပဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုတွင် ကျီကုန်းကျေးရွာမှ စပါးတင်း ၂,၀၀၀ ခန့်နှင့် မြောက်အင်းကျေးရွာမှ ထိခိုက်ပျက်ဆီးမှုတန်ဖိုး ခန့်မှန်းကျပ်သိန်း ၂,၀၀၀ခန့် ဆုံးရှုံးခဲ့ရကြောင်း ကပဖထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် နေအိမ်နှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများအား စစ်ဘေးရှောင်နေရစဥ် လိုအပ်သည်များကူညီပေးနေသလို နေအိမ်များပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီထောက်ပံပေးကြရန် မေတ္တရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။