Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်မှုကျူးလွန်သူအားလုံးကို သြစတြေးလျတရားရုံး၌ တရားစွဲဆိုရန် NUG ပြင်ဆင်

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်ကတည်းက တရားမဝင်အာဏာသိမ်းစစ်တပ်သည် နိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် ညှင်းပန်း၊ နှိပ်စက်၊သတ်ဖြတ်၊ မီးရှို့ခြင်း စသည့် ရာဇဝတ်မှုများစွာကျူးလွန်ခဲ့ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး သြစတြေးလျတရားရုံး၌ တရားစွဲရန် NUG က လုပ်ဆောင်နေ ခြင်းဖြစ်သည်။

▪️အာဂျင်တီးနားအပြင် နယ်သာလန်နှင့် သြစတြေးလျတရားရုံးတို့၌ပါ တရားစွဲရန် ကြိုးပမ်းနေ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရာဇဝတ်မှုကျူးလွန်သူအားလုံးကို သြစတြေးလျနိုင်ငံရှိ တရားရုံး၌ တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်ကတည်းက တရားမဝင်အာဏာသိမ်းစစ်တပ်သည် နိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် ညှင်းပန်း၊ နှိပ်စက်၊သတ်ဖြတ်၊ မီးရှို့ခြင်း စသည့် ရာဇဝတ်မှုများစွာကျူးလွန်ခဲ့ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး သြစတြေးလျတရားရုံး၌ တရားစွဲရန် NUG က လုပ်ဆောင်နေ ခြင်းဖြစ်သည်။

“အာဂျင်တီးနားမှာလည်း Universal Jurisdiction အရ မြန်မာစစ်ခေါင်းဆောင်တွေကို တရားစွဲသလိုပေါ့။ အခု ဩစတြေးလျမှာ လုပ်နေတာကလည်း ရာဇဝတ်မှုကျူးလွန်နေသူတွေကို ဘယ်နိုင်ငံကဖြစ်စေ အရေးယူနိုင်တဲ့ အခြေအနေပေါ့။ ဖြစ်နိုင်ချေရှိတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတဝန်းလူမဆန်စွာ ကျူးလွန် ခဲ့မှုဖြစ်စဉ်များကို မှတ်တမ်းတင်ထားကာ သံတမန်ရေးလမ်းကြောင်းအရ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ထံ အစီရင်ခံစာပေးပို့နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၃၀ ရက်တွင်ပြုလုပ်သော The Power of Revolution (တော်လှန်ရေး၏စွမ်းအား) စကားဝိုင်း၌ ပြောကြားခဲ့သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေလို့ သာမန်ဆုံးဖြတ်ချက်၊ သာမာန်ထုတ်ပြန်ချက်နဲ့ မရဘဲနဲ့ မြန်မာနိုင်ငံကို သံတမန်ရေးအရ ပိတ်ဆို့ဖို့၊ လက်နက်ပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေကို တရားဥပဒေတွေအရ အရေးယူနိုင်ဖို့ ဆိုတဲ့သုံးခုဖြစ်ဖို့ ဆက်လက်တိုက်တွန်းနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၇ က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်တာဝန်ရှိသူများကို အာဂျင်တီးနားတရားရုံး၌ တရားစွဲဆိုထားမှုကို ယင်းတရားရုံးက လက်ခံလိုက် ပြီဖြစ်ပြီး စစ်ဆေးကြားနာမှု စတင်နေပြီဖြစ်သည်။

ထို့အပြင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်နှင့် တရားရှိသူများကို အရေးယူရေး အတွက် နယ်သာလန်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၌ တရားစွဲရန် ခုံရုံးရှေ့နေများက ပြင်ဆင်နေသည်။

ထို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြစ်မှုဆိုင်ရာနိုင်ငံတကာခုံရုံးနှင့် အာဂျင်တီးနား၊ ဖက်ဒရယ်တရားရုံးတို့က ပေးပို့ လာသည့်အကြောင်းကြားစာများကို လက်ခံခြင်းမပြုရန် ဝန်ကြီးဌာနအသီးသီးကို ယခုလကုန်ပိုင်းတွင်ညွှန်ကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။