Connect with us

Hi, what are you looking for?

News

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ရဟု KNUပြော၊ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ဟုဆို

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂)နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှု ရှိနိုင်ကြောင်း အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု KNU မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ် တွင် ယမန်နေ့(ဒီဇင်ဘာ ၃၁ရက်)က ဖြစ်ပွားသည့် တိုက်ပွဲ၌ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်သတင်းဌာန KICက ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲဖြစ်တာကြားတယ်။ လက်နက်ခဲယမ်းတချို့တော့ ရတယ်” ဟု အတည်ပြုသည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂)နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှု ရှိနိုင်ကြောင်း အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“အခုက ပြောက်ကျားနည်းနဲ့ပဲ။ ခံစစ်တော့ မလုပ်တော့ဘဲ ပြောက်ကျားစနစ်နဲ့ပဲ တိုက်တာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်​ကောင်စီတပ်မှာ KNU တပ်မဟာ ၆ နယ်​မြေဖြစ်​သော ​ကော့ကရိတ်မြို့သို့ ဒီဇင်ဘာ ၂၉ ရက်ညတွင် အင်အား ၁၀၀ ​ကျော်ဖြင့်စစ်​ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၃၀ ရက်မနက်မှစ၍တိုက်ပွဲဖြစ်ရာ ဒီဇင်ဘာ ၃၁ ရက်ညအထိ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ခဲ့​ကြောင်း တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့​သောတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။စစ်​ကောင်စီတပ်မှာ အထိ့နာသဖြင့် ယ​နေ့ (ဇန်နဝါရီ ၁) နံနက်တွင် ဆုတ်ခွာသွားသည်ဟုထင်​ကြောင်း အဆိုပါတပ်ဖွဲ့ဝင်က တိုက်ပွဲအ​ကြောင်းရှင်းပြသည်။

ဒီဇင်ဘာအတွင်းကလည်း KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် တပ်မဟာ(၆)နယ်မြေ လေးကေ့ကော် ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့သည်။ ဒီဇင်ဘာလလယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး၊ ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ၂ဦး စုစုပေါင်း ၈ဦး ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဓာတ်ပုံ – KIC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။