Connect with us

Hi, what are you looking for?

News

မြောင်းမြအမတ် ဦးဝေလင်းအောင် ကျဆုံးသွားပြီဆိုသောသတင်းမှာ သတင်းအမှားသာဖြစ်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ပြီး ယနေ့တွင် ပြည်သူများကြား သွေးကွဲမှုဖြစ်စေရန် သတင်းအမှားများ ဆက်တိုက် ထွက်ပေါ်နေသည်ဟု ပြောသည်။

ကရင်ပြည်နယ် လေးကေကော်မြို့သစ်တွင် ဖမ်းဆီးခံရသည့် မြောင်းမြမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် ကျဆုံးသွားပြီဆိုသောသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ပြီး ယနေ့တွင် ပြည်သူများကြား သွေးကွဲမှုဖြစ်စေရန် သတင်းအမှားများ ဆက်တိုက် ထွက်ပေါ်နေသည်ဟု ပြောသည်။

လွှတ်တော်အမတ် ကိုဝေလင်းအောင်နှင့် အဖမ်းဆီးခံသုံးဦးသည် မြဝတီရဲစခန်းရှိ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားကြောင်း လူမှုကွန်ရက်တွင် သတင်းအမှားများထွက်ပေါ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) လှုပ်ရှားမှုနယ်မြေရှိ လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် ၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံညှိနှိုင်းသည်ဟူသော သတင်းအမှားများလည်း လူမှုကွန်ရက်၌ ဝါဒဖြန့်မှုများ ယနေ့ပြုလုပ်နေကြသည်။ အဆိုပါ သတင်းမှာလည်း သတင်းအမှားဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖြေရှင်းတုံ့ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။