Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်းမြအမတ် ဦးဝေလင်းအောင် ကျဆုံးသွားပြီဆိုသောသတင်းမှာ သတင်းအမှားသာဖြစ်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ပြီး ယနေ့တွင် ပြည်သူများကြား သွေးကွဲမှုဖြစ်စေရန် သတင်းအမှားများ ဆက်တိုက် ထွက်ပေါ်နေသည်ဟု ပြောသည်။

ကရင်ပြည်နယ် လေးကေကော်မြို့သစ်တွင် ဖမ်းဆီးခံရသည့် မြောင်းမြမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် ကျဆုံးသွားပြီဆိုသောသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ပြီး ယနေ့တွင် ပြည်သူများကြား သွေးကွဲမှုဖြစ်စေရန် သတင်းအမှားများ ဆက်တိုက် ထွက်ပေါ်နေသည်ဟု ပြောသည်။

လွှတ်တော်အမတ် ကိုဝေလင်းအောင်နှင့် အဖမ်းဆီးခံသုံးဦးသည် မြဝတီရဲစခန်းရှိ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားကြောင်း လူမှုကွန်ရက်တွင် သတင်းအမှားများထွက်ပေါ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) လှုပ်ရှားမှုနယ်မြေရှိ လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် ၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံညှိနှိုင်းသည်ဟူသော သတင်းအမှားများလည်း လူမှုကွန်ရက်၌ ဝါဒဖြန့်မှုများ ယနေ့ပြုလုပ်နေကြသည်။ အဆိုပါ သတင်းမှာလည်း သတင်းအမှားဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖြေရှင်းတုံ့ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။