Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့ရှိ နေအိမ်အချို့ကို လိုက်လံချိတ်ပိတ်သည့် စစ်ကောင်စီတပ်သားများ မိုင်းမိ၊ ငါးဦးသေဟုဆို

“ယုတ်မာနေကြသော စခများကို မိမိတို့ ‘တန့်ဆည်ဖီးနစ်’(Phoenix Defence Force – Taze) မှ ‘အုန်း’ပြီး ‘ပြည်သူများအတွက် နှစ်သစ်အဖွင့်လက်ဆောင်’လုပ်ပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

(တန့်ဆည်မြို့ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်နေစဥ်၊ ဓာတ်ပုံ - CJ)

တန့်ဆည်မြို့ပေါ်ရှိ ပြည်သူအချို့၏နေအိမ်များကို လိုက်လံချိတ်ပိတ်နေသည့် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်ဝေခံများအား မိုင်းခွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း တန့်ဆည်ဖီးနစ်မြို့ပြပျောက်ကြားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁) ထုတ်ပြန်သည်။

ယနေ့ညနေ ၃ နာရီခန့်တွင် တန့်ဆည်မြို့ မြေစာရင်းရုံးတောင်ဘက်(မြို့ပါတ်လမ်းခွဲ)အနီး ပြည်သူပိုင်အိမ်များကို လိုက်လံချိတ်ပိတ်နေသော စစ်ကောင်စီတပ်နှင့် အပေါင်းအပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

“ယုတ်မာနေကြသော စခများကို မိမိတို့ ‘တန့်ဆည်ဖီးနစ်’(Phoenix Defence Force – Taze) မှ ‘အုန်း’ပြီး ‘ပြည်သူများအတွက် နှစ်သစ်အဖွင့်လက်ဆောင်’လုပ်ပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး အထိအခိုက်အပျက်အစီးများသည်ဟု ကနဦးသိရကြောင်း တန့်ဆည်ဖီးနစ် မြို့ပြပျောက်ကြားတပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်အပါအဝင် မြို့ခံများဖြစ်သည့် ကိုထွန်းဦး၊ ကိုဇင်မိုးအောင်၊ ‌အေးကျော်၊အောင်မျိုးသင်း(ခ)ငမျိုးနှင့် ကိုလှိုင်စိုးစသူတို့၏ နေအိမ်များကို ချိတ်ပိတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။