Connect with us

Hi, what are you looking for?

LuduNwayOo

News

တန့်ဆည်မြို့ရှိ နေအိမ်အချို့ကို လိုက်လံချိတ်ပိတ်သည့် စစ်ကောင်စီတပ်သားများ မိုင်းမိ၊ ငါးဦးသေဟုဆို

“ယုတ်မာနေကြသော စခများကို မိမိတို့ ‘တန့်ဆည်ဖီးနစ်’(Phoenix Defence Force – Taze) မှ ‘အုန်း’ပြီး ‘ပြည်သူများအတွက် နှစ်သစ်အဖွင့်လက်ဆောင်’လုပ်ပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

(တန့်ဆည်မြို့ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်နေစဥ်၊ ဓာတ်ပုံ - CJ)

တန့်ဆည်မြို့ပေါ်ရှိ ပြည်သူအချို့၏နေအိမ်များကို လိုက်လံချိတ်ပိတ်နေသည့် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်ဝေခံများအား မိုင်းခွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း တန့်ဆည်ဖီးနစ်မြို့ပြပျောက်ကြားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁) ထုတ်ပြန်သည်။

ယနေ့ညနေ ၃ နာရီခန့်တွင် တန့်ဆည်မြို့ မြေစာရင်းရုံးတောင်ဘက်(မြို့ပါတ်လမ်းခွဲ)အနီး ပြည်သူပိုင်အိမ်များကို လိုက်လံချိတ်ပိတ်နေသော စစ်ကောင်စီတပ်နှင့် အပေါင်းအပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

“ယုတ်မာနေကြသော စခများကို မိမိတို့ ‘တန့်ဆည်ဖီးနစ်’(Phoenix Defence Force – Taze) မှ ‘အုန်း’ပြီး ‘ပြည်သူများအတွက် နှစ်သစ်အဖွင့်လက်ဆောင်’လုပ်ပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး အထိအခိုက်အပျက်အစီးများသည်ဟု ကနဦးသိရကြောင်း တန့်ဆည်ဖီးနစ် မြို့ပြပျောက်ကြားတပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်အပါအဝင် မြို့ခံများဖြစ်သည့် ကိုထွန်းဦး၊ ကိုဇင်မိုးအောင်၊ ‌အေးကျော်၊အောင်မျိုးသင်း(ခ)ငမျိုးနှင့် ကိုလှိုင်စိုးစသူတို့၏ နေအိမ်များကို ချိတ်ပိတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။