Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်-​မေတ္တာလမ်းတွင် စစ်​ကောင်စီယာဥ်တန်းကိုမိုင်းဆွဲ တိုက်ခိုက်

ဒီဇင်ဘာ ၁၁ ရက်တွင် အဆိုပါနေရာအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ထားဝယ်မြို့နှင့် ထိုင်းနယ်စပ်ကိုဆက်သွယ်ထားသည့်ထားဝယ်-မေတ္တာလမ်းတွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို ဇန်နဝါရီ ၁ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မူကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက်ခြမ်း ဝကုန်းရွာနှင့် သင်္ကန်းတုံးကျေးရွာနှစ်ခုကြားတွင် ဇန်နဝါရီ ၁ ရက်ည ၉နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ထိခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုအ​ခြေအ​နေကို မူမသိရှိရ​သေးကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရပြီး​နောက်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၁ ရက်တွင် အဆိုပါနေရာအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထားဝယ်-မေတ္တာလမ်းပိုင်းရှိ ကျေးရွာများတွင် အခြေချတပ်ဆွဲမူများကို ဒီဇင်ဘာ ၂၆ ရက်က စတင်ဆောင်ရွက်​နေသည်။

ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနှင့် ဝကုန်ကျေးရွာများတွင် စစ်ကောင်စီတပ် စုစုပေါင်း အင်အား ၂၀၀ခန့်က အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ကျေးရွာများအတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းများဖြင့် ကင်းလှည့်ခဲ့သည်ဟုလည်း ဒေသခံများက​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။