Connect with us

Hi, what are you looking for?

News

ထားဝယ်-​မေတ္တာလမ်းတွင် စစ်​ကောင်စီယာဥ်တန်းကိုမိုင်းဆွဲ တိုက်ခိုက်

ဒီဇင်ဘာ ၁၁ ရက်တွင် အဆိုပါနေရာအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ထားဝယ်မြို့နှင့် ထိုင်းနယ်စပ်ကိုဆက်သွယ်ထားသည့်ထားဝယ်-မေတ္တာလမ်းတွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို ဇန်နဝါရီ ၁ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မူကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက်ခြမ်း ဝကုန်းရွာနှင့် သင်္ကန်းတုံးကျေးရွာနှစ်ခုကြားတွင် ဇန်နဝါရီ ၁ ရက်ည ၉နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ထိခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုအ​ခြေအ​နေကို မူမသိရှိရ​သေးကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရပြီး​နောက်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၁ ရက်တွင် အဆိုပါနေရာအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထားဝယ်-မေတ္တာလမ်းပိုင်းရှိ ကျေးရွာများတွင် အခြေချတပ်ဆွဲမူများကို ဒီဇင်ဘာ ၂၆ ရက်က စတင်ဆောင်ရွက်​နေသည်။

ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနှင့် ဝကုန်ကျေးရွာများတွင် စစ်ကောင်စီတပ် စုစုပေါင်း အင်အား ၂၀၀ခန့်က အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ကျေးရွာများအတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းများဖြင့် ကင်းလှည့်ခဲ့သည်ဟုလည်း ဒေသခံများက​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။