Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအရအဖြေမရှာလိုသည့် စစ်အာဏာရှင်များအပြီးတိုင်ပပျောက်အောင်လုပ်ရမည်ဟု CRPH ပြော

ကရင်တိုင်းရင်းသားများသည် သမိုင်းအစဉ်အဆက် တန်းတူအခွင့်အရေးများအတွက် ဖိနှိပ်မှုများနှင့် မတရား မှုများကို တွန်းလှန်ဆန့်ကျင်ခဲ့ကြကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ - KIC)

▪️နွေဦးတော်လှန်ရေးတွင် ကရင်တိုင်းရင်းသားတို့၏ ကူညီပံ့ပိုးမှုနှင့် ပါဝင်ကြိုးပမ်းမှုက တန်ဖိုးကြီးသည့် အင်အားဟု ဖော်ပြ

မြန်မာနိုင်ငံကို ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဝိုင်းဝန်း အဖြေရှာရန် ကြိုးပမ်းခဲ့ကြသော် လည်း စစ်အာဏာရှင်များသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် လက်နက်အားကိုးဖြင့် အကြိမ်ကြိမ် ဖျက်ဆီးရန် ကြိုးပမ်းနေခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ကျရောက်သည့် ကရင်အမျိုးသားနှစ်သူးကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့ကြောင့် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်များကို အပြီးတိုင် ပပျောက်ရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လက်တွဲညီညီ တွန်းလှန်တိုက်ထုတ်ရမည် ဟုဆိုသည်။

ကရင်တိုင်းရင်းသားများသည် သမိုင်းအစဉ်အဆက် တန်းတူအခွင့်အရေးများအတွက် ဖိနှိပ်မှုများနှင့် မတရား မှုများကို တွန်းလှန်ဆန့်ကျင်ခဲ့ကြကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုအချိန်၌ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်က နိုင်ငံတော်၏ အာဏာကို လုယူခဲ့ပြီး နိုင်ငံတစ်ဝှမ်း၌ လူမဆန်သော အကြမ်းဖက် လုပ်ရပ်များဖြင့် ဖိနှိပ်ချုပ်ချယ်နေခြင်းကို ဆန့်ကျင် တော်လှန် နေ သည့် မြန်မာ့နွေဦး တော်လှန်ရေးတွင်လည်း ကရင်တိုင်းရင်းသားတို့၏ ကူညီပံ့ပိုးမှုများနှင့် ပါဝင်ကြိုး ပမ်းမှုများသည်တန်ဖိုးကြီးမားသော အင်အားတစ်ရပ်ဖြစ်သည်ဟု CRPH သဝဏ်လွှာ၌ ပါရှိသည်။

ကရင်တိုင်းရင်းသားများသည် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစသည့် အမျိုး သားလက္ခဏာများဖြင့် ကြီးမြတ်သော လူမျိုးများဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဖြစ်စဥ်သမိုင်းများတွင် ကရင်ခေါင်းဆောင်များနှင့် ကရင်လူမျိုးများ၏ ရဲရင့်မှုနှင့် အခန်းကဏ္ဍသည် မည်မျှအရေးပါကြောင်း ဖော်ပြလျက်ရှိသည်ဟု သဝဏ်လွှာတွင် ပါရှိသည်။

မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးအတွက် ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှန်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်တို့ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ကြရန်လည်း CRPHက တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။