Connect with us

Hi, what are you looking for?

News

အသစ်ရွေးချယ်လိုက်သည့် KNPP ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ထံ NUG ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

KNPP၏ (၁၄) ကြိမ်မြောက်ပါတီကွန်ကရက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ၂၇ ရက်မှ ဒီဇင်ဘာ၃၀ ရက်အထိ ကျင်းပပြီး ခေါင်းဆောင်ပြန်လည်ရွေးချယ်ခဲ့ရာ ယခင် ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

ဓာတ်ပုံ - Kantarawaddy Times

▪️စစ်အာဏာရှင်ချုပ်ငြိမ်းရေး ခူဦးရယ်ဦးဆောင်သည့် KNPPနှင့်အတူ လက်တွဲလုပ်ဆောင်ရန်အသင့်ဟု ဖော်ပြ

ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရသည့် ခူဦးရယ်နှင့် KNPP ကွန်ကရက်က အသစ်ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အဖွဲ့ဝင်များအား ဝမ်းသာဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။

KNPP၏ (၁၄) ကြိမ်မြောက်ပါတီကွန်ကရက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ၂၇ ရက်မှ ဒီဇင်ဘာ၃၀ ရက်အထိ ကျင်းပပြီး ခေါင်းဆောင်ပြန်လည်ရွေးချယ်ခဲ့ရာ ယခင် ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

အဆိုပါ ကွန်ကရက်က စစ်အာဏာရှင်နှင့်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ထုတ်ပြန်ခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာဝမ်းသာကြောင်း သဝဏ်လွှာပေးပို့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ပါတီဥက္ကဋ္ဌခူဦးရယ်ဦးဆောင်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့် အတူလက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း သတင်းစကား ပါးသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ ကရင်နီလူမျိုးများ အပေါ်အစုလိုက် သတ်ဖြတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာဥပဒေများကိုချိုးဖေါက်မှုများနှင့်ပတ်သက်၍ လည်း များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ထပ် လောင်း ဖေါ်ပြလိုသည်ဟုလည်း NUG၏ သဝဏ်လွှာ၌ ဖော်ပြသည်။

KNPP၏ ကရင်နီတပ်မတော်(KA)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသကဲ့သို့ KNPP အနေဖြင့်လည်း NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။