▪️မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)၏ ၁၆ ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပေးပို့
ပြည်သူလူထုလိုချင်သည့် ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော်သစ်ရောက်ရှိရန် စစ်အာဏာရှင်စနစ်ဆိုသည့် ရေသောက်မြစ်ကို အမြစ်မှဆွဲနှုတ်ပစ်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) (၁၆) ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲကို ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ရာ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသွေးခွဲ အုပ်ချုပ်လာ သည့် ရန်သူကိုရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်၍ သွေးချင်းညီအစ်ကို၊ မောင်နှမများနှင့် လက်တွဲညီညီစည်းလုံး ညီညွတ်စွာ၊ အမိန့်နာခံမှုအားကောင်းစွာဖြင့် စုစည်းခုခံ တော်လှန်ရမည်ဟုလည်း ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်သားများသည် ပြည်သူများကြားမှ ပေါက်ဖွားလာပြီး ပြည်သူလူထုကို ကာကွယ်ရန်၊ စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် ကျင့်ဝတ်လေးစားမှု၊ စည်းကမ်းလိုက်နာမှု တွင်စံနမူနာပြဖြစ်ရမည်ဟု NUG ကာကွယ် ရေးဝန်ကြီးက ဆိုသည်။
မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) ၁၆ ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲ ၂၀၂၂ ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည့် အတွက် MRA ရဲဘော်များက အထူးပင် ဝမ်းသာဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားသည်။
