Connect with us

Hi, what are you looking for?

News

ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော်သစ်ရောက်ရှိရန် စစ်အာဏာရှင်ရေသောက်မြစ်ကို ဆွဲနှုတ်ပစ်ရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ပြည်သူ့ကာကွယ်ရေးတပ်သားများသည် ပြည်သူများကြားမှ ပေါက်ဖွားလာပြီး ပြည်သူလူထုကို ကာကွယ်ရန်၊ စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် ကျင့်ဝတ်လေးစားမှု၊ စည်းကမ်းလိုက်နာမှု တွင်စံနမူနာပြဖြစ်ရမည်ဟု NUG ကာကွယ် ရေးဝန်ကြီးက ဆိုသည်။

▪️မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)၏ ၁၆ ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပေးပို့

ပြည်သူလူထုလိုချင်သည့် ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော်သစ်ရောက်ရှိရန် စစ်အာဏာရှင်စနစ်ဆိုသည့် ရေသောက်မြစ်ကို အမြစ်မှဆွဲနှုတ်ပစ်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) (၁၆) ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲကို ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ရာ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသွေးခွဲ အုပ်ချုပ်လာ သည့် ရန်သူကိုရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်၍ သွေးချင်းညီအစ်ကို၊ မောင်နှမများနှင့် လက်တွဲညီညီစည်းလုံး ညီညွတ်စွာ၊ အမိန့်နာခံမှုအားကောင်းစွာဖြင့် စုစည်းခုခံ တော်လှန်ရမည်ဟုလည်း ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်သားများသည် ပြည်သူများကြားမှ ပေါက်ဖွားလာပြီး ပြည်သူလူထုကို ကာကွယ်ရန်၊ စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် ကျင့်ဝတ်လေးစားမှု၊ စည်းကမ်းလိုက်နာမှု တွင်စံနမူနာပြဖြစ်ရမည်ဟု NUG ကာကွယ် ရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) ၁၆ ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲ ၂၀၂၂ ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည့် အတွက် MRA ရဲဘော်များက အထူးပင် ဝမ်းသာဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook