Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်၍ အင်းတောဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး၊ ဒဏ်ရာရသူများပြား

“ဗုံးရှစ်လုံးချသွားတယ်။ ပြန်သွားပြီ။ ပြန်လာမယ့်အနေအထားရှိလို့ ဒေသခံတွေ ပြေးနေကြရပြီ”ဟုဂဟဲရွာနှင့် အချိတ်အဆက်ရှိသည့် ထီးချိုင့် ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အင်းတော်မြို့နယ် ဂဟဲရွာခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။

ယနေ့(ဇန်နဝါရီ ၄ရက်) နေ့လယ် ၁၂နာရီခန့်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ခဲ့ရာ အင်းတော်နှင့် ထီးချိုင့်နယ်စပ်ရှိ ဂဟဲရွာအတွင်း ကျရောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်အချို့လည်း မီးလောင်နေကြောင်း ဒေသခံက ပြောသည်။

သေဆုံးသူသည် အသက်(၃၀)အရွယ်ရှိ မခင်ညိုဆိုသူ ဖြစ်ပြီး သားသမီး ​လေးဦး၏ မိခင်ဖြစ်ကြောင်း၎င်းက ဆက်​ပြောသည်။

“ဗုံးရှစ်လုံးချသွားတယ်။ ပြန်သွားပြီ။ ပြန်လာမယ့်အနေအထားရှိလို့ ဒေသခံတွေ ပြေးနေကြရပြီ”ဟုဂဟဲရွာနှင့် အချိတ်အဆက်ရှိသည့် ထီးချိုင့် ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အင်းတော်နှင့် ထီးချိုင့်သည် တစ်ဆက်တည်းရှိသည့် မြို့နှစ်မြို့ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက စစ်ကောင်စီကို နည်းမျိုးစုံတိုက်ခိုက်နေသည်။ ကချင်နှင့် စစ်ကိုင်းတိုင်းသို့ ကုန်းလမ်းရော ရေလမ်းမှပါ လူနှင့်လက်နက်အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက​ပျောက်ကျားစစ်ဗျူဟာဖြင့်တိုက်ခိုက်နေ၍ စစ်ကောင်စီအထိနာနေသည်။

လက်နက်ကိုင်ဆောင်သူချင်း မယှဉ်နိုင်ပါက အရပ်သားများကို ရှုံးမဲမဲဖိနှိပ်သည့် စစ်ကောင်စီက အင်းတော်နှင့်ထီးချိုင့်မှ အရပ်သားရှိရာနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မည်ကို စိုးရိမ်နေရသည်ဟု ‌ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ကရင်၊ စစ်ကိုင်း၊ ချင်း၊ ကရင်နီနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသ တိုက်ပွဲများ၌ လေကြောင်းကို အသုံးပြု တိုက်ခိုက်မှုများ၊ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။