Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်မှ ​လေးဦးထပ်မံသေဆုံး၊ ဒေသခံလူထု၏ပစ္စည်းများ စစ်ကောင်စီတပ် ယူဆောင်သွားဟုဆို

ဇန်နဝါရီ ၄ရက် နံနက်အစောပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ- ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း ၂၇တို့ လေးကေးကော်မြို့သစ်ရက်ကွက် (၃)၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် အချက် ၃၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်၌ ယမန်နေ့က တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၄ရက် နံနက်အစောပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ- ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း ၂၇တို့ လေးကေးကော်မြို့သစ်ရက်ကွက် (၃)၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် အချက် ၃၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်မှ ​လေးဦး ကျဆုံးခဲ့ပြီး၊ ဒေသခံပြည်သူများ၏ နေအိမ်များစွာ ထိမှန်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်များတွင်းသို့ ဝင်ရောက်မွှေနှောက်မှုများပြုလုပ်ကာ အိမ်အတွင်းရှိ စားစရာများ၊ တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း စစ်ကောင်စီတပ်သည် မော်ထို့တလေးကျေးရွာမှ နေအိမ်အတွင်းရှိ ပစ္စည်းများအပြင် ဆိုင်ကယ်၁၀စီးကို ကားဖြင့် တိုက်ယူသွားကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ လလယ်မှစ၍ လေးကေ့ကော်ဒေသတ၀ိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများ၊ အရှင်ဖမ်းဆီးခံရသူများရှိခဲ့သည်။ စစ်ကေင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း တို့ကြောင့်လည်း အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံ သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။