Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်မှ ​လေးဦးထပ်မံသေဆုံး၊ ဒေသခံလူထု၏ပစ္စည်းများ စစ်ကောင်စီတပ် ယူဆောင်သွားဟုဆို

ဇန်နဝါရီ ၄ရက် နံနက်အစောပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ- ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း ၂၇တို့ လေးကေးကော်မြို့သစ်ရက်ကွက် (၃)၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် အချက် ၃၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်၌ ယမန်နေ့က တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၄ရက် နံနက်အစောပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ- ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း ၂၇တို့ လေးကေးကော်မြို့သစ်ရက်ကွက် (၃)၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် အချက် ၃၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်မှ ​လေးဦး ကျဆုံးခဲ့ပြီး၊ ဒေသခံပြည်သူများ၏ နေအိမ်များစွာ ထိမှန်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်များတွင်းသို့ ဝင်ရောက်မွှေနှောက်မှုများပြုလုပ်ကာ အိမ်အတွင်းရှိ စားစရာများ၊ တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း စစ်ကောင်စီတပ်သည် မော်ထို့တလေးကျေးရွာမှ နေအိမ်အတွင်းရှိ ပစ္စည်းများအပြင် ဆိုင်ကယ်၁၀စီးကို ကားဖြင့် တိုက်ယူသွားကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ လလယ်မှစ၍ လေးကေ့ကော်ဒေသတ၀ိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများ၊ အရှင်ဖမ်းဆီးခံရသူများရှိခဲ့သည်။ စစ်ကေင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း တို့ကြောင့်လည်း အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံ သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။