Connect with us

Hi, what are you looking for?

News

အင်း​တော်တွင် စစ်​ကောင်စီယာဥ်တန်းကို KIAနှင့် PDF ပူး​​ပေါင်းတိုက်ခိုက်သဖြင့် ဗိုလ်ကြီးအပါအဝင် ၂၄ဦး​သေ

KIAနှင့်PDF ပူးပေါင်းတပ်ဖွဲ့က အင်အား ၄၀ဖြင့် တိုက်ခိုက်ရန် ကြိုတင်စီမံခဲ့သော်လည်း ၁၀ ဦးသည် ဝင်ရောက်တိုက်ခိုက်ခဲ့ရခြင်းမရှိခဲ့ဟု အင်းတော် PDF က သတင်းထုတ်ပြန်သည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ၊ ပုံအ​ဟောင်းဖြစ်ပါသည်။)

မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် PDF ပူးပေါင်း၍ အင်းတော်မြို့နယ်အတွင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၄ဦး သေဆုံးကြောင်း အင်းတော် PDFက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃ရက် နေ့လယ်က အင်အား ၅၀ ကျော်လိုက်ပါလာသော စစ်ကောင်စီ ရှေ့ပြေးယာဉ်တန်းကို အင်းတော်မြို့နယ်၊ စီပိန်းကျေးရွာနှင့်ဖားပန့် ကျေးရွာကြားတွင်KIAနှင့် IPDF (ကသာခရိုင် IPDF တပ်ရင်း-၂) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့်စစ်ကူရန်လာသည့် စီပိန်းကျေးရွာဘက်မှလာသော စစ်ကားတစ်စီးကို အသင့်စောင့်နေသည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့က ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာဗိုလ်ကြီး တစ်​ဦးအပါအဝင် စစ်​ကောင်စီတပ်သား ၂၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့​ကြောင်း အင်းတော် PDF က သတင်းထုတ်ပြန်သည်။

” ပထမ စစ်ကားမှာ သုံးမရအောင်ပျက်စီးသွားပြီး လမ်းဘေးတွင်ပစ်ထားခဲ့ရသည်။စစ်ကူလိုက်လာသော ကားမှ စစ်ခွေးများသည် လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ သွေးရူးသွေးတမ်း ရမ်းသမ်းပစ်ခတ်ပြီး အလောင်းများတင်ဆောင်ကာ ထွက်ခွာသွားကြသည်။။KIA+PDF ပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြသည်”ဟု သတင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

KIAနှင့်PDF ပူးပေါင်းတပ်ဖွဲ့က အင်အား ၄၀ဖြင့် တိုက်ခိုက်ရန် ကြိုတင်စီမံခဲ့သော်လည်း ၁၀ ဦးသည် ဝင်ရောက်တိုက်ခိုက်ခဲ့ရခြင်းမရှိခဲ့ဟု အင်းတော် PDF က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KIAသည် စစ်ကိုင်းတိုင်းအတွင်း ရှိ​ဒေသအချို့တွင်​PDF များနှင့်ပူး​ပေါင်းပြီး စစ်​ကောင်စီတပ်များကိုခုခံတိုက်ပွဲဝင်နေသည်။ယမန်နေ့ တိုက်ခိုက်ခံရမှုတွင်အထိနာသွား
သောစစ်ကောင်စီတပ်က ၎င်း၏ တပ်ဖွဲ့ဝင်များကိုကယ်ထုတ်ရန်လေကြောင်းမှ ကူညီတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။