Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး

“CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့သည့် အာဇာနည် သူရဲကောင်း ကိုကျော်ကြီးကို ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

လေးကေ့ကော်မြို့သစ် ခုခံစစ်တိုက်ပွဲတွင် ပြည်သူနှင့်အတူပူးပေါင်းခဲ့သည့် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် ကျဆုံးသွားသည့် ပြည်သူ့ဘက်တော်သား အသက် ၃၂နှစ်အရွယ် CDM တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးမှာ ယမန်နေ့(ဇန်နဝါရီ ၄) တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့သည့် အာဇာနည် သူရဲကောင်း ကိုကျော်ကြီးကို ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးသည့် စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လ ၃ ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်စတင်ပါဝင်ကာ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့သူတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၄ ရက် ​လေး​ကေ့​ကော်တိုက်ပွဲတွင် စစ်​ကောင်စီတပ်က ၄ ဦး​သေဆုံးခဲ့သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သားများအဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများမှ ရာနှုန်းပြည့် ပြည်သူ့အခြေပြုအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။