Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး

“CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့သည့် အာဇာနည် သူရဲကောင်း ကိုကျော်ကြီးကို ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

လေးကေ့ကော်မြို့သစ် ခုခံစစ်တိုက်ပွဲတွင် ပြည်သူနှင့်အတူပူးပေါင်းခဲ့သည့် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် ကျဆုံးသွားသည့် ပြည်သူ့ဘက်တော်သား အသက် ၃၂နှစ်အရွယ် CDM တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးမှာ ယမန်နေ့(ဇန်နဝါရီ ၄) တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့သည့် အာဇာနည် သူရဲကောင်း ကိုကျော်ကြီးကို ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးသည့် စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လ ၃ ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်စတင်ပါဝင်ကာ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့သူတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၄ ရက် ​လေး​ကေ့​ကော်တိုက်ပွဲတွင် စစ်​ကောင်စီတပ်က ၄ ဦး​သေဆုံးခဲ့သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သားများအဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများမှ ရာနှုန်းပြည့် ပြည်သူ့အခြေပြုအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။