နိုင်ငံတဝှမ်းက အချို့နေရာတွေမှာ မနက် ၇ နာရီကနေ ည ၁၁ နာရီအတွင်း အချိန်ပိုင်းမီးပြတ်မယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ရန်ကုန် ၊မန္တလေးမြို့ကြီးတွေအပါအဝင် နေရာအများစုမှာ အချိန်ပိုင်း မီးပြတ်တာတွေ ကြုံလာရချိန်မှာ အခုလို ထုတ်ပြန်လာတာပါ။
ဒီလို အချိန်ပိုင်းမီးပြတ်ရတာဟာ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာတဲ့အခြေအနေကြောင့်လို့ စစ်ကောင်စီကအကြောင်းပြချက်ပေးထားပါတယ်။
ပြည်ပကနေ မှာယူတင်သွင်းရတဲ့ LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးရုံးတွေဟာ ဓာတ်ငွေ့ဈေး လေးဆလောက်တက်လာလို့ရပ်တန့်ထားရတာ ၊ မြန်မာနိုင်ငံရဲ့အကြီးဆုံး ဓာတ်ငွေထုတ်လုပ်တဲ့စီမံကိန်းဖြစ်တဲ့ ရတနာကမ်း လွန် ဓာတ်ငွေ့စီမံကိန်း ကိုပုံမှန်ထိန်သိမ်းပြုပြင်မှုလုပ်ငန်းတွေလုပ်ရတာ ၊ ဘီလူးချောင်းရေအားလျှပ်စ်စက်ရုံကနေ ပေးပို့တဲ့တာဝါတိုင်တွေ ဖျက်ဆီးခံရ တွေဟာ ဓာတ်အားထုတ်လုပ်မှုလျော့နည်းရတဲ့အကြောင်းပြချက်တွေထဲထည့်သွင်းထားတာတွေ့ရပါတယ်။

Public Service Announcement
ဒါအပြင် ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးချွေတာကြဖို့ကိုလည်း စစ်ကောင်စီက တိုက်တွန်းထားတာတွေ့ရပါတယ်။


















































