Connect with us

Hi, what are you looking for?

News

ဟွန်ဆန် စစ်ရာဇဝတ်သားများကို အသိအမှတ်ပြုရန်ကြိုးစားပါက အကြမ်းဖက်မှုအား​ပေးသူအဖြစ်ရှုံ့ချခြင်းကြုံရမည်ဟု ​ဒေါက်တာဝင်းမြတ်​အေး သတိပေး

“လူသားမဆန်သူ၊ လူသားကျင့်ဝတ် စောင့်စည်းမှု မရှိသူတို့အတွက် လူ့အဖွဲ့အစည်း၌နေရာမရှိ။ ယနေ့ခေတ် လူ့အသိုင်းအဝန်းသည် မတရားမှုကျူးလွန်သူကိုသာမက မတရားမှုကိုအားပေးအားမြှောက်ပြုလုပ်သူတို့ကိုလည်း လက်ခံမှုမပြုကြတော့ပေ” ဟု သတိပေးထားသည်။

ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်အ​နေဖြင့်စစ်ရာဇဝတ်သားအဖြစ်ကုလနှင့် နိုင်ငံတကာ ခုံရုံးများ၌ စစ်ဆေးခံရမည့် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရန်ကြိုးစားလျင် လူသားမျိုးနွယ်တစ်ရပ်လုံးက အကြမ်းဖက်အားပေးသူအဖြစ် ရှုံ့ချခြင်းကို မလွဲမသွေကြုံရလိမ့်မည်ဟုအားNUG၏ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သတိပေးလိုက်သည်။

မြန်မာနိုင်ငံသို့ မနက်ဖြန်(ဇန်နဝါရီ ၇) လာရောက်ရန်ရှိသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဥ်မတိုင်မီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားမှုရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယင်းခဲ့သို့ သတိပေး
ခြင်းဖြစ်သည်။

“မြန်မာစစ်ကောင်စီသည် ယခုအချိန်၌ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ခုံရုံးများ၌ လူသားချင်းစာနာမှုကင်းမဲ့သော စစ်ရာဇဝတ်မှုများစွာကျူးလွန်ထားသည့် ရာဇဝတ်သားအဖြစ် စိစစ်မှုများခံယူရမည့် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၎င်းတို့အား အသိအမှတ်ပြု အားပေးရန်ကြိုးစားပါက လူသားမျိုးနွယ်တစ်ရပ်လုံးက အကြမ်းဖက်အားပေးသူအဖြစ် ရှုံ့ချခြင်းကို မလွဲမသွေကြုံရပေလိမ့်မည်” ဟု ယနေ့(ဇန်နဝါရီ ၆ရက်)နံနက်ပိုင်းတွင် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထုတ်ပြန် သည်။

“လူသားမဆန်သူ၊ လူသားကျင့်ဝတ် စောင့်စည်းမှု မရှိသူတို့အတွက် လူ့အဖွဲ့အစည်း၌နေရာမရှိ။ ယနေ့ခေတ် လူ့အသိုင်းအဝန်းသည် မတရားမှုကျူးလွန်သူကိုသာမက မတရားမှုကိုအားပေးအားမြှောက်ပြုလုပ်သူတို့ကိုလည်း လက်ခံမှုမပြုကြတော့ပေ” ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်သည် အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ် ပြုမည့်သဘောသက်ရောက် နေသဖြင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများအပြင် ကမ္ဘောဒီယားပြည်သူများကလည်း ကန့်ကွက်ရှုတ်ချထားသည်။

အလှည့်ကျရရှိထားသည့် အာဆီယံအခွင့်အာဏာအား အသုံးချလျက် မြန်မာစစ်ကောင်စီအား အသိအမှတ်ပြုမှုပေးရန်အတွက် ဝန်ကြီးချုပ် ဟွန်ဆန်၏ ကြိုးပမ်းမှုကို ကမ္ဘောဒီးယား ပြည်သူများက ရှုံ့ချကြောင်း မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဇန်နဝါရီ၄ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

ဟွန်ဆန်ကို မြန်မာနိုင်ငံတွင် လုံး၀ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟုလည်း မြန်မာနိူင်ငံရှိ တော်လှန်ရေးအဖွဲ့ ၂၇၃ ဖွဲ့က ထုတ်ပြန်ထားသည်။ ဟွန်ဆန်သည် တရုတ်အစိုးရ၏လက်ဝေခံနောက်လိုက်တစ်ဦးဖြစ်သည့် အပြင် အာဏာကို အလွန်အမင်းတပ်မက်ပြီးမဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက မှတ်ချက်ပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပင်ပန်းလွန်းတာကြောင့် အလုပ်လုပ်နေရင်း တစ်မှေး အိပ်ပျော်သွားခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေ တင်ထားခဲ့ပါတယ်။