Connect with us

Hi, what are you looking for?

News

ကင်မွန်း​ချောင်းရွာ အထက်တန်း​ကျောင်း ​​ပေါက်ကွဲမှု ၎င်းတို့လက်ချက်မဟုတ်ဟု ကျိုက်ထို​တော်လှန်​ရေးအင်အားစု ထုတ်ပြန်

“မနက်က ကျောင်းရှေ့နားမှာ ပေါက်တာ။ကျောင်းတက်ခါနီး အချိန်လောက်ပဲ။ ရဲတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက် ထိတယ်။တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်ဗျ”ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဥ်မှာ ၎င်းတို့လုပ်ဆောင်ချက်မဟုတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု( KRF )က ကြေညာချက် ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၆ ရက်) နံနက် ၈နာရီခွဲခန့်တွင် ကင်မွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မနက်က ကျောင်းရှေ့နားမှာ ပေါက်တာ။ကျောင်းတက်ခါနီး အချိန်လောက်ပဲ။ ရဲတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက် ထိတယ်။တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်ဗျ”ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်းနှင့် ကျွန်ုပ်တို့ KRFမှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများအား ပြည်သူများထံသို့ အတိအလင်းအသိပေးဖော်​ပြမည်ဟုလည်း ယခင်ကတည်းက KRFက အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

PDFများနှင့် ပြည်သူကို သွေးခွဲရန်အတွက်စာသင် ကျောင်းများ၊ဘုန်ကြီးကျောင်းများတွင် ဗုံးဖောက်ခွဲရန် အကြမ်းဖက်စစ်ကောင်စီ၏ လျှို့ဝှက်စာအချို့ နိုဝင်ဘာအတွင်းက ပေါက်ကြားမှုလည်း ရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook