Connect with us

Hi, what are you looking for?

News

သာ​ကေတမြို့နယ် EPCရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ဇန်နဝါရီ ၆ ရက် နေ့လယ်၂ နာရီ ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ်တိုက်ခိုက်သည့် အချိန်၌ စစ်ကောင်စီလက်ပါး​စေများ ကားအနီး တွင်ရှိသော်လည်း ထိခိုက်မှုအတိအကျကိုမှု မသိရသေးကြောင်း ယင်းတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ သာကေတမြို့နယ် လျှပ်စစ်မန်​နေဂျာရုံး (EPC) အတွင်းရှိ စစ်ကောင်စီတပ်ကားတစ်စီးပေါ်သို့ လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)ကသတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၆ ရက် နေ့လယ်၂ နာရီ ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ်တိုက်ခိုက်သည့် အချိန်၌ စစ်ကောင်စီလက်ပါး​စေများ ကားအနီး တွင်ရှိသော်လည်း ထိခိုက်မှုအတိအကျကိုမှု မသိရသေးကြောင်း ယင်းတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူများ မီတာခ မ​ပေးဆောင်ရရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီများကို ပျောက်ကြားနည်းဖြင့်တိုက်ခိုက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်များရှိသော နေရာများသို့ သွားလာခြင်းမပြု လုပ်ရန်လည်း သတိပေးထားသည်။

B.F.R.A.F အဖွဲ့သည် ဇန်နဝါရီ ၅ ရက် ညကလည်း ဒေါပုံမြို့မရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါး​စေတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)က မီတာပုံးတစ်လုံး ကျပ်သိန်းဆယ်ချီတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားဖြစ်နေသည့် ပဲခူးမြို့တွင် မီးပြန်လာသည့် နာရီအနည်းငယ် အတွင်း လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုး‌တက်နင်းမိသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။