Connect with us

Hi, what are you looking for?

LuduNwayOo

News

သာ​ကေတမြို့နယ် EPCရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ဇန်နဝါရီ ၆ ရက် နေ့လယ်၂ နာရီ ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ်တိုက်ခိုက်သည့် အချိန်၌ စစ်ကောင်စီလက်ပါး​စေများ ကားအနီး တွင်ရှိသော်လည်း ထိခိုက်မှုအတိအကျကိုမှု မသိရသေးကြောင်း ယင်းတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ သာကေတမြို့နယ် လျှပ်စစ်မန်​နေဂျာရုံး (EPC) အတွင်းရှိ စစ်ကောင်စီတပ်ကားတစ်စီးပေါ်သို့ လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)ကသတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၆ ရက် နေ့လယ်၂ နာရီ ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ်တိုက်ခိုက်သည့် အချိန်၌ စစ်ကောင်စီလက်ပါး​စေများ ကားအနီး တွင်ရှိသော်လည်း ထိခိုက်မှုအတိအကျကိုမှု မသိရသေးကြောင်း ယင်းတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူများ မီတာခ မ​ပေးဆောင်ရရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီများကို ပျောက်ကြားနည်းဖြင့်တိုက်ခိုက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်များရှိသော နေရာများသို့ သွားလာခြင်းမပြု လုပ်ရန်လည်း သတိပေးထားသည်။

B.F.R.A.F အဖွဲ့သည် ဇန်နဝါရီ ၅ ရက် ညကလည်း ဒေါပုံမြို့မရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါး​စေတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

သတင်း

စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ်ကို ယမန်နေ့ညက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း Urban Special Operation (USO) အဖွဲ့က အသိပေးထုတ်ပြန်သည်။ ယမန်နေ့ည ၉ နာရီ ၂၆ မိနစ်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အောင်မြေသာစည် အိမ်ရာအတွင်းရှိ လင်းမင်းမောင်လွင်၏ နေအိမ်ကို...

သတင်း

နတ်မောက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော် AZY နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF - PLA)က အသိပေးထားသည်။

သတင်း

သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီကျော်ကဆိပ်ဖြူမြို့၊ ပတ္တမြားစျေးအနီး၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်း လမ်းဆုံရှိ လ၀ကရုံးရှေ့ သဲအိတ်ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးနှစ်လုံးပစ်သွင်း၍ ဖောင်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။