Connect with us

Hi, what are you looking for?

News

KIA နှင့် မြို့လှ PDF တိုက်ခိုက်၍ စစ်​ကောင်စီ​ရေယာဥ်နှစ်စင်း ပျက်စီး၊ စစ်​ကောင်စီတပ်သား ၅၀ထက်မနည်း​သေဟုဆို

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုကြောင့် နွား လေးကောင် သေဆုံးမှုမှလွဲ၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးကြောင်း မြို့လှ PDFက ယနေ့ (ဇန်နဝါရီ ၈ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဇန်နဝါရီ ၅ ရက်ကစတင်ခဲဲ့ပြီး
ဧရာဝတီမြစ်ကြောင်း ပေါ်မှတစ်ဆင့် ကချင်ပြည်နယ် ဘက်သို့ ရေကြောင်းခရီးဖြင့် ရိက္ခာဖြည့်တင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မြို့လှ PDF က အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်​သည်။

ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ကသာအထက်ဖက် နလယ်အင်းရွာအနီးတွင် KIA တပ်ရင်းတစ်ခုမှ ကနဦးစောင့်ကြိုပစ်ခတ်ခဲ့သည်။

ထို့နောက် ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် အထက်မင်းလယ်ရွာအနီး၌ မြို့လှ PDFက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် သင်္ဘော ၂စင်းလုံးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိုးတားလေးရွာ၏အထက်ဖက် ဆင်ကုန်တိုင်ရွာအနီး ပေါလောကျွန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောနှင့် မြို့လှPDFတို့ တစ်ကြိမ် ထပ်မံထိတွေ့ ပစ်ခတ်မှုများရှိခဲ့သည်။

ထိုတိုက်ခိုက်ခံရသည့် သင်္ဘောနှစ်စင်းကို ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ ရက် နေ့လယ် ၁၂ နာရီခန့်က တစ်ကြိမ်၊ နေ့လယ်၂ နာရီခွဲတွင် ဘူးတောင်ရွာအနီး၌ တစ်ကြိမ် မြို့လှ PDFမှ ထပ်မံ ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂စင်း အနက်တစ်စင်း ပျက်စီးခဲ့သည်ဟု မြို့လှ PDFက ဆိုသည်။

ထို့နောက် ကျန်ရှိသည့်သင်္ဘောအတွင်း ပိတ်မိနေသည့် အကြမ်းဖက်စစ်ကောင်စီအင်အား ၃၀ ခန့်ကို စက်လှေ ၃ စီးဖြင့် လာရောက် ကယ်ထုတ်ရန် ကြိုးစားစဉ် မြို့လှ PDF က ထပ်မံပစ်ခတ် တိုက်ခိုက်ရာ တစ်စီးမှာ ထက်ခြမ်းကွဲကာ နစ်မြှုပ်ခဲ့ပြီး ကျန်နှစ်စီးမှာလည်း ထိခိုက်မှုများရှိ​သော်လည်း ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုကြောင့် နွား လေးကောင် သေဆုံးမှုမှလွဲ၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်