Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ အင်တာနက်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကုလနှင့်နိုင်ငံတကာစုံစမ်းစစ်ဆေးရေးယန္တရားများသို့ NUG စဉ်ဆက်မပြတ်အစီရင်ခံ

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် ပြည်သူများ၏ နေ့စဉ်ဘ၀ သတင်းလွတ်လပ်ခွင့်နှင့် အင်တာနက်လွတ်လပ်ခွင့်တို့ကို ကြိုးကိုင်ထိန်းချုပ်လိုခြင်းပင်ဖြစ်သည်ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

▪️တရားမျှတမှုဖော်ဆောင်ရေးအတွက် လုပ်ဆောင်နေဟုဆို

စစ်ကောင်စီ၏ အင်တာနက်အခွင့်အရေးချိုးဖောက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးယန္တရားများကို စဉ်ဆက်မပြတ်ပေးပို့ကာ တရားမျှတမှုဖော်ဆောင်ရေးအတွက် လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ယနေ့ (ဇန်နဝါရီ ၉ရက်)သတင်းထုတ်ပြန်သည်။

NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့သည် အကြမ်းဖက်စစ်ကောင်စီက မိုဘိုင်းအင်တာနက်စျေးနှုန်းများ တိုးမြှင့်ကောက်ခံမှုအပေါ် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းသို့တိုးမြှင့်လိုက်ခြင်းက ပြည်သူများ၏ အင်တာနက်သုံးစွဲမှုကို လျော့ကျစေကာ သတင်းမှန်ရရှိနိုင်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အင်တာနက်သုံးစွဲမှုများ ထိန်းချုပ်ကန့် သတ်ထားခြင်းသည် လူ့အခွင့်အရေးကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်ပြီး အများပြည်သူသုံးဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲခများကို တိုးမြှင့်ကောက်ခံမည့်ခြေလှမ်းများ သည် ယခင်အာဏာရှင်အစိုးရလက်ထက်များတွင် မိုဘိုင်းဆင်းမ်ကတ်များကို အဆမတန်စျေးကြီးပေးဝယ်ယူရခြင်း၊ လူတန်းစားတစ်ရပ်သာအသုံးပြုနိုင်ခြင်းကဲ့သို့သော အခြေအနေများဆီ နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်ကြောင်း NUG ကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် ပြည်သူများ၏ နေ့စဉ်ဘ၀ သတင်းလွတ်လပ်ခွင့်နှင့် အင်တာနက်လွတ်လပ်ခွင့်တို့ကို ကြိုးကိုင်ထိန်းချုပ်လိုခြင်းပင်ဖြစ်သည်ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် အထက်ပါအင်တာနက်အခွင့်အရေးချိုးဖောက်မှုဆိုင်ရာကိစ္စရပ်များကို အနီးကပ်စောင့်ကြည့် မှတ်တမ်းတင်ကာ ကျူးလွန်သော ပုဂ္ဂိုလ်များ၊ အစုအဖွဲ့ များကို အရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်နေသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် အင်တာနက်အသုံးပြုမှုဆိုင်ရာကန့်သတ်ရန် ကြိုးပမ်းနေမှု အမျိုးမျိုး ကို ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး ကျူးလွန်သူများနှင့် အစုအဖွဲ့များကို အရေးယူနိုင် ရန်အတွက် တာဝန်ခံမှုဖော်ဆောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။