Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)နယ်မြေတွင် တိုက်ပွဲ နှစ်နေရာဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိ၊မရှိကို ဒူးပလာယာခရိုင်၏ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆိုသည်။

▪️မယ်ထော်သလေးဒေသရှိနေအိမ်အချို့၏ ဘုရားစင်နှင့် အိပ်ခန်းတွင် စစ်ကောင်စီတပ် မိုင်းထောင်ခဲ့ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်တွင် ယနေ့ တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဒူးပလယာခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၀ရက်) နံနက် ၁၀နာရီခန့်က ကော့ကရိတ်မြို့နယ် မိကသုန်၊ ရွာသစ်၊ မြို့ဟောင်းကျေးရွာ၌ KNUနှင့် အာဏာသိမ်းစစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားရာ မွန်းလွဲ ၂နာရီခွဲတွင် စစ်ကောင်စီတပ်က တိုက် လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဖလူးကြီးကျေးရွာနှင့် ဖလူးလေး ကျေးရွာကြားတွင်လည်း ယနေ့ နံနက် ၁၁နာရီခွဲခန့်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် KNUဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိ၊မရှိကို ဒူးပလာယာခရိုင်၏ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လေးကေ့ကော်ဒေသ မယ်ထော်သလေးကျေးရွာမှ နေအိမ်တစ်ချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှထောင်ထားသော မိုင်းများတွေ့ရှိခဲ့ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်အုပ်စုများက မိုင်းများကို နေအိမ်အတွင်းဘုရားစင်များ၊ နေအိမ်အိပ်ခန်းများ စသည့်နေရာများတွင် ထောင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။