Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝေဘူလမြို့ကို ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်မိုင်းနင်းမိပြီး အများအပြားသေဆုံးဒဏ်ရာရ

ယနေ့တိုက်ပွဲတွင် CNDF (Chin National Defence Force )ဘက်မှ ထိခိုက်မူ မရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အတိအကျမသိရသေးဟုလည်း CNOက ထုတ်ပြန်ထားသည်။

(ချင်းအမျိုးသားကာကွယ်​ရေးတပ်ဖွဲ့ -CNDF)

ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF တိုက်ပွဲဖြစ်ပွားပြီး၊CNDF ​ထ္ငေ်ထား​သောမိုင်းများနင်းပြီး အများအပြားသေဆုံးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်( Chin National Organization) က ယနေ့ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးနှင့်လူအင်အား အလုံးအရင်းဖြင့် ဝေဘူလမြို့ကို ဇန်နဝါရီ ၆ ရက်မှစတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုလည်းCNOကထုတ်ပြန်သည်။

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များက လူသားဒိုင်းအဖြစ် ပြည်သူလူထုကို အသုံးပြုခဲ့မှုများလည်းရှိသည်။ အကြမ်းဖက်စစ်ကောင်စီက ဝေဘူလမြို့သို့ တောင်ယာလုပ်ငန်းမှာ ခြေလျင်ပြန်လာသည့် ပြည်သူ ၅ ဦးကို ယနေ့(ဇန်နဝါရီ ၁၀ ရက်)တွင် လူသားဒိုင်းဖြစ် ခေါ်ဆောင်သွားသည်။ ၎င်းတို့အနက်မှ နှစ်ဦးကို ပြန်လွှတ်ပေးသော်လည်း ကျန် သုံးဦးကို လူသားဒိုင်းအဖြစ် ဆက်လက်ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယနေ့တိုက်ပွဲတွင် CNDF (Chin National Defence Force )ဘက်မှ ထိခိုက်မူ မရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အတိအကျမသိရသေးဟုလည်း CNOက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဝေဘူလမြို့သို့ စစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို PDF (Kalay) ၊ CNDF ၊ Zomi PDF ၊ RKDF (ရိန်းဂျားကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲံ) နှင့် ပ.က.ဖ -ပြည်သူ့ကာကွယ်​ရေးတပ်(ကလေး) ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ၆ ရက်ကတည်းက ခုခံတိုက်ခိုက်လျက်ရှိပြီး လမ်းကြောင်းတ‌လျှောက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။