Connect with us

Hi, what are you looking for?

News

ဝေဘူလမြို့ကို ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်မိုင်းနင်းမိပြီး အများအပြားသေဆုံးဒဏ်ရာရ

ယနေ့တိုက်ပွဲတွင် CNDF (Chin National Defence Force )ဘက်မှ ထိခိုက်မူ မရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အတိအကျမသိရသေးဟုလည်း CNOက ထုတ်ပြန်ထားသည်။

(ချင်းအမျိုးသားကာကွယ်​ရေးတပ်ဖွဲ့ -CNDF)

ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF တိုက်ပွဲဖြစ်ပွားပြီး၊CNDF ​ထ္ငေ်ထား​သောမိုင်းများနင်းပြီး အများအပြားသေဆုံးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်( Chin National Organization) က ယနေ့ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးနှင့်လူအင်အား အလုံးအရင်းဖြင့် ဝေဘူလမြို့ကို ဇန်နဝါရီ ၆ ရက်မှစတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုလည်းCNOကထုတ်ပြန်သည်။

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များက လူသားဒိုင်းအဖြစ် ပြည်သူလူထုကို အသုံးပြုခဲ့မှုများလည်းရှိသည်။ အကြမ်းဖက်စစ်ကောင်စီက ဝေဘူလမြို့သို့ တောင်ယာလုပ်ငန်းမှာ ခြေလျင်ပြန်လာသည့် ပြည်သူ ၅ ဦးကို ယနေ့(ဇန်နဝါရီ ၁၀ ရက်)တွင် လူသားဒိုင်းဖြစ် ခေါ်ဆောင်သွားသည်။ ၎င်းတို့အနက်မှ နှစ်ဦးကို ပြန်လွှတ်ပေးသော်လည်း ကျန် သုံးဦးကို လူသားဒိုင်းအဖြစ် ဆက်လက်ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယနေ့တိုက်ပွဲတွင် CNDF (Chin National Defence Force )ဘက်မှ ထိခိုက်မူ မရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အတိအကျမသိရသေးဟုလည်း CNOက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဝေဘူလမြို့သို့ စစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို PDF (Kalay) ၊ CNDF ၊ Zomi PDF ၊ RKDF (ရိန်းဂျားကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲံ) နှင့် ပ.က.ဖ -ပြည်သူ့ကာကွယ်​ရေးတပ်(ကလေး) ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ၆ ရက်ကတည်းက ခုခံတိုက်ခိုက်လျက်ရှိပြီး လမ်းကြောင်းတ‌လျှောက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook