Connect with us

Hi, what are you looking for?

News

မုံရွာပါဆယ်ဗုံးတိုက်ခိုက်မှုတွင် ၁၂ နှစ်အရွယ်က​လေးငယ်​သေဆုံးမှုအထူးဝမ်းနည်း​ကြောင်း၊တာဝန်ခံ​ကြောင်းမဟာမိတ်အဖွဲ့များထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်၊ တမာတန်းမီးပွိုင့်တွင်အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဗုံးထိမှန်စဥ် ထိခိုက်မိသွားသည့် ကလေးငယ်သေဆုံးသွား၍ မြို့ပြပျောက်ကြားအဖွဲ့များက အထူးဝမ်းနည်းကြောင်းကြေညာပြီး တာဝန်ခံခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းက တမာတန်းမီးပွိုင့်ပေါက်ကွဲမှုဖြစ်စဥ်တွင် ဗုံးစထိမှန်သော ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း ယနေ့နံနက်တွင် ဝမ်းနည်းစွာ ကြားသိရကြောင်း၊ ပြည်သူကိုမထိခိုက်စေရန် သတိထားလုပ်ဆောင်ပါသော်လည်း ကံမကောင်းခြင်းများစွာဖြင့် ထိမှန်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုဖြစ်ရပ်ကို ညီနောင်မဟာမိတ်များမှ အပြည့်အဝတာဝန်ရှိပါကြောင်း ဝန်ခံပြောကြားပါသည်ဟု မြို့ပြ​ပြောက်ကျားအဖွဲ့များက အသိပေးသည်။

မိဘပြည်သူများအနေဖြင့် အလားတူ ထိခိုက်မှုမျိုးမဖြစ်စေရန် ကြေညာချက်များအပေါ် အလေးထားလိုက်နာစေလိုကြောင်း၊ မဟာမိတ်အဖွဲ့များသည် အလားတူ ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန် အထူးသတိကြီးစွာ ရှောင်ရှားမည်ဖြစ်ပြီး မိဘပြည်သူများဘက်ကလည်း ကြေညာချက်များကို လိုက်နာဆောင်ရွက်ပေးရန် အနူးအညွတ်ပန်ကြားအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့၊ တမာတန်းမီးပွိုင့်တွင် မဟာမိတ်အဖွဲ့များက ပါဆယ်ဗုံးချထားခဲ့ရာ အိမ်စီးကားဖြင့် လာရောက်စစ်ဆေးစဥ် ပေါက်ကွဲခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီမှ ၇ ဦးအနက် ၂ ဦးပွဲခြင်းပြီးသေဆုံးပြီး ၂ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။