Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ တရားခွင်များ တရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေဟု အီးယူထုတ်ပြန်

မြန်မာစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို​ နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ခြင်းအပေါ် ဥရောပသမဂ္ဂက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မှုသည် နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ဖျက်ဆီးခြင်းကိုဦးတည်သော နောက်ထပ်ခြေလှမ်း ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို​ နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ခြင်းအပေါ် ဥရောပသမဂ္ဂက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဆိုပါတရားစီရင်မှုသည် မြန်မာနိုင်ငံတွင် ဗြောင်ကျစွာလူ့အခွင့်အရေးချိုး ဖောက်နေသည်ကို ထပ်မံမြင်သာစေပြီး ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကစ၍ ဒီမိုကရေစီအတွက် ကြီးမားသော ဆုတ်ယုတ်မှုလည်းဖြစ်ကြောင်း အီးယူက သုံးသပ်သည်။

အဆိုပါဖြစ်စဉ်များသည် အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်က တောင်းဆိုသည့် အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်များကို ဖယ်ထုတ်ရန် ထင်ရှားသည့်ကြိုးပမ်းမှုဖြစ်ကြောင်းလည်း အီးယူက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းချိန်ကစ၍ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများနှင့် မတရားထိန်းသိမ်းခံရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရန် အီးယူ၏အရေးပေါ် တောင်းဆိုချက်ကို ထပ်မံအတည်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။