Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏ တရားခွင်များ တရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေဟု အီးယူထုတ်ပြန်

မြန်မာစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို​ နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ခြင်းအပေါ် ဥရောပသမဂ္ဂက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မှုသည် နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ဖျက်ဆီးခြင်းကိုဦးတည်သော နောက်ထပ်ခြေလှမ်း ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို​ နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ခြင်းအပေါ် ဥရောပသမဂ္ဂက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဆိုပါတရားစီရင်မှုသည် မြန်မာနိုင်ငံတွင် ဗြောင်ကျစွာလူ့အခွင့်အရေးချိုး ဖောက်နေသည်ကို ထပ်မံမြင်သာစေပြီး ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကစ၍ ဒီမိုကရေစီအတွက် ကြီးမားသော ဆုတ်ယုတ်မှုလည်းဖြစ်ကြောင်း အီးယူက သုံးသပ်သည်။

အဆိုပါဖြစ်စဉ်များသည် အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်က တောင်းဆိုသည့် အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်များကို ဖယ်ထုတ်ရန် ထင်ရှားသည့်ကြိုးပမ်းမှုဖြစ်ကြောင်းလည်း အီးယူက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းချိန်ကစ၍ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများနှင့် မတရားထိန်းသိမ်းခံရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရန် အီးယူ၏အရေးပေါ် တောင်းဆိုချက်ကို ထပ်မံအတည်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။