Connect with us

Hi, what are you looking for?

News

မန္တလေးမှာအုပ်ချုပ်ရေးမှူးရုံးနားဗုံးပေါက်ကွဲလို့ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ရာ မိန်းကလေးငယ်တစ်ဦး သေဆုံး

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအနီးပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ရာ အသက် ၁၅ နှစ်အရွယ်မိန်ကလေး တစ်ဦး သေဆုံးကာအမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

People's Spring
People's Spring

ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ် ထဲက အုပ်ချုပ်ရေးမှူး ရုံး အနီး ဗုံးပေါက်ကွဲရာမှာ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာကြောင့် မိန်းကလေး တစ်ဦး သေဆုံးခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အောင်မြေသာစံမြို့နယ် ၊ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်ကွဲခဲ့တာပါ။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအနီးပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ရာ အသက် ၁၅ နှစ်အရွယ်မိန်ကလေး တစ်ဦး သေဆုံးကာအမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း မနော်ဟရီ လမ်း၄၆ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီကရမ်းသမ်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။