Connect with us

Hi, what are you looking for?

News

မင်းတပ်တွင် စစ်​ကောင်စီက လမ်းတစ်​လျှောက် ​တောမီးရှို့ပြီး နင်းမိုင်းများ​ထောင်ထားဟု CDFထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်မှာ မော်တော်ယာဉ်အစီး ၉၀ ပါဝင်သည့် ယာဉ်တန်းသည် ဇန်နဝါရီ ၉ ရက်ကတည်းက မင်းတပ်မြို့မှ မတူပီမြို့ကို ဦးတည်ထွက်ခွာလာခြင်းဖြစ်သည်။ ထိုယာဉ်တန်းကို CDF(မင်းတပ်) ကလမ်းတစ်လျောက် လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လမ်းတစ်လျှောက် တောမီးများရှို့ပြီး အများပြည်သူ သွားလာရာလမ်းမများပေါ်တွင် နင်းမိုင်းများထောင်ခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့CDF- (မင်းတပ်) က ယနေ့ သတင်းထုတ်ပြန်သည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များ တင်ဆောင်လာသည့်မော်တော်ယာဉ်တန်းသည် မင်းတပ်မြို့မှ မိုင်တိုင် (၅၆) ကို ရောက်ရှိလာပြီး လမ်းတစ်လျှောက် တောမီးများ ဆက်တိုက်ရှို့နေကာ မိုင်တိုင် (၄၅) လမ်းခွဲတွင် နင်းမိုင်းများထောင်နေခြင်းဖြစ်သည်ဟု CDF-(မင်းတပ်) ကသတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကို CDF(မင်းတပ်)က ဖောက်ခွဲရှင်းလင်းခဲ့ရသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှာ မော်တော်ယာဉ်အစီး ၉၀ ပါဝင်သည့် ယာဉ်တန်းသည် ဇန်နဝါရီ ၉ ရက်ကတည်းက မင်းတပ်မြို့မှ မတူပီမြို့ကို ဦးတည်ထွက်ခွာလာခြင်းဖြစ်သည်။ ထိုယာဉ်တန်းကို CDF(မင်းတပ်) ကလမ်းတစ်လျောက် လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း၏ ရှေ့ပြေးကင်းနှင့် CDF (မင်းတပ်)တို့ ​နေ့လယ်၁၂နာရီက မိုင်တိုင် (၃၉)တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်အကျအဆုံးမရှိဟု CDF(မင်းတပ်)က ထုတ်ပြန်ထားသည်။

ထိုနေ့ ညနေ ၅နာရီတွင် မိုင်တိုင် (၄၂)၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF (မင်းတပ်)က ခြုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင် တပ်သား၄ ဦးသေဆုံးခဲ့သည်။

ထိုနောက် မိုင်တိုင် (၄၅)တွင် ထိုယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီသား သုံးဦးသေဆုံးခဲ့သည်ဟု ခန့်မှန်းရကြောင်း CDF(မင်းတပ်) သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။