Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးမှာ အာဆီယံရဲ့ သဘောထားကို လေးစားဖို့ ဟွန်ဆန်ကို အင်ဒိုနီးရှားနဲ့ မလေးရှား သတိပေး

ဟွန်ဆန် ကိုယ်တိုင်က ကမ္ဘောဒီးယားမှာ အာဏာရှင် တစ်ဦးလို ကြီးစိုး အုပ်ချုပ်နေပြီး သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အတိုက်အခံတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦး ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ သဘောဆန္ဒကို ပိုပြီး အလေးထား ချဉ်းကပ်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို အင်ဒိုနီးရှားနဲ့ မလေးရှား နှစ်နိုင်ငံက သတိပေးလိုက်ပါတယ်။

စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံက ဘုံသဘောတူညီမှု ၅ ချက် တောင်းဆိုထားပါတယ်။ အဲဒီ တောင်းဆိုမှုတွေကို တိုးတက်အောင် ဆောင်ရွက် မပေးနိုင်ခဲ့တဲ့နောက် အာဆီယံရဲ့ အစည်းအဝေးတွေမှာ မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်အစိုးရကို တက်ရောက်ခွင့် မပေးဖို့လည်း အာဆီယံက အဖွဲ့ဝင်တွေ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဟွန်ဆန်က အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့် ရလာချိန်မှာတော့ မင်းအောင်လှိုင်ကို အာဆီယံက အသိအမှတ် ပြုပေးဖို့ ပေါ်ပေါ်ထင်ထင် လော်ဘီလုပ်လာခဲ့ပါတယ်။ ဟွန်ဆန်ဟာ နေပြည်တော်ကို ကိုယ်တိုင် လာရောက်ပြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမဲ့ အာဆီယံက မင်းအောင်လှိုင်ကို လက်ခံဖို့ ဆိုတာဟာ ဟွန်ဆန်း တစ်ယောက်တည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်လို့ မရကြောင်း အာဆီယံကို ဦးဆောင် ထူထောင်ခဲ့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က အတိအလင်း သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံ အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံကို သူ့သဘောအတိုင်း သွားရောက် လည်ပတ်ခွင့် ရှိကြောင်း၊ ဒါပေမဲ့ သူဟာ အာဆီယံရဲ့ လက်ရှိ အလည့်ကျ ဥက္ကဋ္ဌလည်း ဖြစ်နေကြောင်း၊ သူဟာ မြန်မာကို သွားရောက်ဖို့ ဆိုရင် အာဆီယံ အဖွဲ့ဝင် အားလုံးနဲ့ မဟုတ်ရင်တောင် နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေဆီက အကြံယူ ဆွေးနွေးခဲ့သင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အက်ဘ်ဒူလာက ပြောကြားခဲ့ပါတယ်။ ဟွန်ဆန်ရဲ့ မြန်မာ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေက သဘောထား တောင်းခံချိန်မှာ အက်ဘ်ဒူလာက အခုလို မှတ်ချက် ပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးက ကမ္ဘောဒီးယားဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်တွေကို မပျက်မကွယ် လေးစားလိုက်နာသင့်ကြောင်း တိုက်တွန်းသွားပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်ဖို့ ရည်ရွယ်ဆွေးနွေး အတည်ပြုထားတာ ဖြစ်ပါတယ်။ ဟွန်ဆန်နဲ့ ဖုန်းဆက် ဆွေးနွေးချိန်မှာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ စစ်အစိုးရဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖြည့်ဆည်းဖို့ ဘာမှ ထင်ထင်ရှားရှား လုပ်ဆောင်ပြတာ မရှိသေးကြောင်း ထောက်ပြ သတိပေးခဲ့ပါသေးတယ်။

ဟွန်ဆန်ကတော့ အာဆီယံဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း အာဆီယံ အစည်းအဝေးတွေ တက်ရောက်ခွင့် ရှိသင့်တယ်လို့ ပွင့်ပွင့်လင်းလင်း မှတ်ချက် ပေးထားပါတယ်။ သူက အာဆီယံ မိသားစုဟာ မြန်မာကို ဖယ်ထုတ် မထားသင့်ဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို တက်သုတ်ရိုက် လာရောက်ခဲ့တဲ့ ခရီးစဉ် အတွင်းမှာ သူဟာ မင်းအောင်လှိုင်နဲ့သာ တွေ့ဆုံခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့တော့ မတွေ့ဖြစ်ခဲ့ပါဘူး။

ဟွန်ဆန် ကိုယ်တိုင်က ကမ္ဘောဒီးယားမှာ အာဏာရှင် တစ်ဦးလို ကြီးစိုး အုပ်ချုပ်နေပြီး သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အတိုက်အခံတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...