Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဖွင့်​သော​ဖောင်ကြီးဗဟိုသင်တန်းတက္ကသိုလ်တွင်သင်တန်းသား ၁၀၀ ​ကျော်ကိုဗစ်ဖြစ်

“ဝန်ထမ်း၁၀၀ ကျော် ပိုးတွေ့တယ်။ ယခင်က ကိုဗစ်လူနာတွေထားတဲ့အဆောင်မှာ ထားတယ်။ နေရတာ အဆင်မပြေဘူး။ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး”ဟု ဦးစီးအရာရှိသင်တန်းတက်နေသူ ဝန်ထမ်းတစ်ဦးကပြောသည်။

■သတင်းမ​ပေါက်ကြားရန်သတိ့​ပေးထားပြီး ၊ယခင်ရပ်နားထား​သောစစ်သင်တန်းပြန်​ပေး​နေ

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်နေသည့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းတစ်ခုတွင် သင်တန်းစပြီးတစ်လခန့်အကြာ၌ သင်တန်တက်နေသည့် Non CDM ဝန်ထမ်း ၁၀၀​ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအစုလိုက်
အပြုံလိုက်ကူးစက်ခံနေရ​ကြောင်းကာယကံရှင်ဝန်ထမ်းများကပြောသည်။

“ဝန်ထမ်း၁၀၀ ကျော် ပိုးတွေ့တယ်။ ယခင်က ကိုဗစ်လူနာတွေထားတဲ့အဆောင်မှာ ထားတယ်။ နေရတာ အဆင်မပြေဘူး။ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး”ဟု ဦးစီးအရာရှိသင်တန်းတက်နေသူ ဝန်ထမ်းတစ်ဦးကပြောသည်။

ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်လမှ ငါးလအထိကြာမည့် သင်တန်းများ ပေးနေခြင်းဖြစ်သည်။စုစုပေါင်း သင်တန်းသား ၂၀၀ ကျော်ရှိပြီး တစ်ရာကျော်တွင် ကိုဗစ်ရောဂါဖြစ်ပွား​နေသည်ဟု ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“သင်တန်းစတက်ကာစကတော့ ကိုဗစ်ကင်းစင်ဖောင်ကြီးတစ်ခွင်ပေါ့။ နောက်ပိုင်း ဦးစီးအရာရှိတွေ ဝင်လာပြီးစည်းမဲ့ကမ်းမဲ့နေကြတာ။ အခု ကျွန်မတို့လည်း ကူးစက်ခံနေရတယ်။ တိုက်ပိတ်ခံရသလိုပဲ”ဟု အထက်ပါ ဝန်ထမ်းကပြောသည်။

ဒီချုပ်အစိုးရလက်ထက်က ရပ်နားခဲ့သည့် အခြေခံစစ်သင်တန်းကိုပါ ယခုနှစ်ဖောင်ကြီးသင်တန်းတွင် စစ်ကောင်စီက ဝန်ထမ်းများအား ပေးနေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိတစ်ဦးကလည်းပြောသည်။

“ကိုဗစ်က စစ်သင်တန်းတက်နေရသူတွေမှာ အဓိက ဖြစ်တာ။အရမ်းပင်ပန်းတယ်။ သေနတ်တွေလည်း ပစ်ရတယ်။ စစ်သင်တန်းကို နားထားတာ ကြာပြီ။ အခုမှ ပြန်လုပ်နေတာ”ဟု ပညာရေးဌာန ဝန်ထမ်းတစ်ဦးကပြောသည်။

ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းတွင် တက်နေသည့် Non CDM ဝန်ထမ်းများ၌ ကိုဗစ်ပိုးတွေ့သည့်သတင်းကို ပြင်ပသို့ပေါက်ကြားမှုမရှိစေရန် သင်တန်းဆရာများက သတိပေး ထားပြီး မိသားစုဝင်များကိုပင် အသိမပေးရန် ပိတ်ပင်ထားသည်ဟု ဝန်ထမ်းအချို့ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။