Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဖွင့်​သော​ဖောင်ကြီးဗဟိုသင်တန်းတက္ကသိုလ်တွင်သင်တန်းသား ၁၀၀ ​ကျော်ကိုဗစ်ဖြစ်

“ဝန်ထမ်း၁၀၀ ကျော် ပိုးတွေ့တယ်။ ယခင်က ကိုဗစ်လူနာတွေထားတဲ့အဆောင်မှာ ထားတယ်။ နေရတာ အဆင်မပြေဘူး။ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး”ဟု ဦးစီးအရာရှိသင်တန်းတက်နေသူ ဝန်ထမ်းတစ်ဦးကပြောသည်။

■သတင်းမ​ပေါက်ကြားရန်သတိ့​ပေးထားပြီး ၊ယခင်ရပ်နားထား​သောစစ်သင်တန်းပြန်​ပေး​နေ

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်နေသည့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းတစ်ခုတွင် သင်တန်းစပြီးတစ်လခန့်အကြာ၌ သင်တန်တက်နေသည့် Non CDM ဝန်ထမ်း ၁၀၀​ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအစုလိုက်
အပြုံလိုက်ကူးစက်ခံနေရ​ကြောင်းကာယကံရှင်ဝန်ထမ်းများကပြောသည်။

“ဝန်ထမ်း၁၀၀ ကျော် ပိုးတွေ့တယ်။ ယခင်က ကိုဗစ်လူနာတွေထားတဲ့အဆောင်မှာ ထားတယ်။ နေရတာ အဆင်မပြေဘူး။ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး”ဟု ဦးစီးအရာရှိသင်တန်းတက်နေသူ ဝန်ထမ်းတစ်ဦးကပြောသည်။

ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်လမှ ငါးလအထိကြာမည့် သင်တန်းများ ပေးနေခြင်းဖြစ်သည်။စုစုပေါင်း သင်တန်းသား ၂၀၀ ကျော်ရှိပြီး တစ်ရာကျော်တွင် ကိုဗစ်ရောဂါဖြစ်ပွား​နေသည်ဟု ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“သင်တန်းစတက်ကာစကတော့ ကိုဗစ်ကင်းစင်ဖောင်ကြီးတစ်ခွင်ပေါ့။ နောက်ပိုင်း ဦးစီးအရာရှိတွေ ဝင်လာပြီးစည်းမဲ့ကမ်းမဲ့နေကြတာ။ အခု ကျွန်မတို့လည်း ကူးစက်ခံနေရတယ်။ တိုက်ပိတ်ခံရသလိုပဲ”ဟု အထက်ပါ ဝန်ထမ်းကပြောသည်။

ဒီချုပ်အစိုးရလက်ထက်က ရပ်နားခဲ့သည့် အခြေခံစစ်သင်တန်းကိုပါ ယခုနှစ်ဖောင်ကြီးသင်တန်းတွင် စစ်ကောင်စီက ဝန်ထမ်းများအား ပေးနေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိတစ်ဦးကလည်းပြောသည်။

“ကိုဗစ်က စစ်သင်တန်းတက်နေရသူတွေမှာ အဓိက ဖြစ်တာ။အရမ်းပင်ပန်းတယ်။ သေနတ်တွေလည်း ပစ်ရတယ်။ စစ်သင်တန်းကို နားထားတာ ကြာပြီ။ အခုမှ ပြန်လုပ်နေတာ”ဟု ပညာရေးဌာန ဝန်ထမ်းတစ်ဦးကပြောသည်။

ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းတွင် တက်နေသည့် Non CDM ဝန်ထမ်းများ၌ ကိုဗစ်ပိုးတွေ့သည့်သတင်းကို ပြင်ပသို့ပေါက်ကြားမှုမရှိစေရန် သင်တန်းဆရာများက သတိပေး ထားပြီး မိသားစုဝင်များကိုပင် အသိမပေးရန် ပိတ်ပင်ထားသည်ဟု ဝန်ထမ်းအချို့ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။