Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်​ကောင်စီတပ်နှင့် KIA၊ မြို့လှ PDFပူး​ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်​နေ

ကသာ၊ရွှေကူ နှင့် ဗန်းမော်မြို့နယ်များသို့ ရေကြောင်းမှတစ်ဆင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မြို့လှတပ်ဖွဲ့နှင့် KIAတို့ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အထိနာနေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ချောင်းဝရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း မြို့လှ PDFတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက် ၇နာရီခွဲခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ သဘော်ယာဥ်တန်းကို လုံခြုံရေးယူရန် ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၁၂၁)နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဟု မြို့လှ PDF တပ်ဖွဲ့က ဆိုသည်။

ဗိုလ်ဇာမဏီဦးဆောင်သော မြို့လှ PDFတပ်ခွဲ (၂)နှင့် KIA ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကသာ၊ရွှေကူ နှင့် ဗန်းမော်မြို့နယ်များသို့ ရေကြောင်းမှတစ်ဆင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မြို့လှတပ်ဖွဲ့နှင့် KIAတို့ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အထိနာနေသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၅ ရက်က ဧရာဝတီမြစ်ကြောင်း ပေါ်မှတစ်ဆင့် ကချင်ပြည်နယ်ဘက်သို့ ရေကြောင်းခရီးဖြင့် ရိက္ခာဖြည့်တင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မြို့လှ PDFက အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများတင်ဆောင်လာသည့် သဘော်တစ်စီးပျက်စီးကာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်ထားသည်။

အလားတူ ဇန်နဝါရီ ၈ ရက်ကလည်း ရွှေကူမြို့နယ်အတွင်း တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးနိုင်ကြောင်း မြို့လှ PDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး