Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်ကောင်စီယာဉ်တန်းနှစ်ကြိမ်မိုင်းဆွဲခံရ၍ ကားနှစ်စီးပျက်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်

စစ်ကား လေးစီးပါ စစ်ကောင်စီယာဉ်တန်းသည် မန္တလေး- ဗန်းမော်လမ်းအတိုင်း မောင်းနှင်လာစဉ် ပေါက်နက်ရွာနှင့် တုံလုံရွာ အနီးတို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း နေရာနှစ်ခုတွင် မိုင်းဆွဲ တိုက်ခိုက်ခံရ၍ ကားနှစ်စီး ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိနိုင်ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကား လေးစီးပါ စစ်ကောင်စီယာဉ်တန်းသည် မန္တလေး- ဗန်းမော်လမ်းအတိုင်း မောင်းနှင်လာစဉ် ပေါက်နက်ရွာနှင့် တုံလုံရွာ အနီးတို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၅ရက် နံနက် ၇နာရီခွဲခန့်က ပေါက်နက်ရွာအနီးတိုက်ခိုက်မှုဖြစ်စဉ်တွင် ကားတစ်စီးကိုထိမှန်ခဲ့ကြောင်း၊ ထို့နောက် နာရီဝက်အကြာတွင် တုံလုံရွာအနီး၌ ထပ်မံ တိုက်ခိုက်ခံရ၍ ကားနှစ်စီးမောင်းမရအောင် ပျက်စီးသွား ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

“ကားနှစ်စီးပျက်သွားပြီးတော့ သူတို့က ရပ်နေပြီးတော့ ကားတွေ ချောဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။ အထိအခိုက်တော့ သေချာပေါက်ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတေ့ာ ကားနှစ်စီးတောင် ရပ်ပြီး ပျက်စီးသွားတာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook