Connect with us

Hi, what are you looking for?

News

က​လေး-ဖလမ်း လမ်းကိုပြည်သူများအသုံးမပြုရန်သတိ​ပေး

“ချင်းတောင်ပေါ်တတ်တဲ့ လမ်းမှာ ဂိတ်ပြီး ခရီးသွား ပြည်သူတွေနဲ့ အတူတူသွားဖို့လုပ်နေတာမျိုးရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ရေးတင်းမာနေခြင်းကြောင့် ကလေး-ဖလမ်းလမ်းမကြီးတလျောက် ခရီးသွားခြင်းမပြုရန် ဖလမ်းအခြေစိုက် ချင်းအမျိုးသားအစည်းအရုံး(CNO) က ယနေ့ထုတ်ပြန်သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၆ ရက်ကတည်းကပင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်နယ်စပ်မှဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာနေပြီး လမ်းတလျှောက် ပြည်သူလူထုကို ဖမ်းဆီး၍လူသားဒိုင်းအဖြစ် အသုံးပြုမူများရှိနေခြင်းကြောင့် ယခုလိုက် ခရီးသွား ခွင့်ပိတ်ပင်ထားရခြင်းဖြစ်သည်ဟုရှင်းပြထားသည်။

“ချင်းတောင်ပေါ်တတ်တဲ့ လမ်းမှာ ဂိတ်ပြီး ခရီးသွား ပြည်သူတွေနဲ့ အတူတူသွားဖို့လုပ်နေတာမျိုးရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ကလေးမြို့မှ ချင်းတောင်ပေါ်တက်သည့် ၉မိုင်တွင် ခရီးသွားပြည်သူအများစု ပိတ်မိနေပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါနှစ်မြို့ကိုဆက်သွယ်​သော လမ်းပိုင်းနှစ်ခုရှိပြီး ကလေး-သိုင်းငင်း-ဖလမ်းလမ်းနှင့် ကလေး-ဝေဘူလ-ဖလမ်းလမ်းဟူ၍ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၂ ရက်ကတည်းကပင် ကလေးမြို့မှာ ချင်းတောင်ပေါ်တက်ရန် စီစဉ်နေခြင်းဖြစ်သည် ဟုPDF- Zoland က ထုတ်ပြန်ထားသည်။

ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတွင်လည်း အပြစ်မဲ့ပြည်သူ ၅ ဦးကို ဇန်ဝါရီ ၁၀ ရက်တွင် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပြုလုပ်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ကထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဖလမ်းအခြေစိုက် ချင်းပြည်နယ် ကာကွယ်ရေးတပ်(CNDF) တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၅ ဦးကျော် ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။