Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေး-ဖလမ်း လမ်းကိုပြည်သူများအသုံးမပြုရန်သတိ​ပေး

“ချင်းတောင်ပေါ်တတ်တဲ့ လမ်းမှာ ဂိတ်ပြီး ခရီးသွား ပြည်သူတွေနဲ့ အတူတူသွားဖို့လုပ်နေတာမျိုးရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ရေးတင်းမာနေခြင်းကြောင့် ကလေး-ဖလမ်းလမ်းမကြီးတလျောက် ခရီးသွားခြင်းမပြုရန် ဖလမ်းအခြေစိုက် ချင်းအမျိုးသားအစည်းအရုံး(CNO) က ယနေ့ထုတ်ပြန်သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၆ ရက်ကတည်းကပင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်နယ်စပ်မှဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာနေပြီး လမ်းတလျှောက် ပြည်သူလူထုကို ဖမ်းဆီး၍လူသားဒိုင်းအဖြစ် အသုံးပြုမူများရှိနေခြင်းကြောင့် ယခုလိုက် ခရီးသွား ခွင့်ပိတ်ပင်ထားရခြင်းဖြစ်သည်ဟုရှင်းပြထားသည်။

“ချင်းတောင်ပေါ်တတ်တဲ့ လမ်းမှာ ဂိတ်ပြီး ခရီးသွား ပြည်သူတွေနဲ့ အတူတူသွားဖို့လုပ်နေတာမျိုးရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ကလေးမြို့မှ ချင်းတောင်ပေါ်တက်သည့် ၉မိုင်တွင် ခရီးသွားပြည်သူအများစု ပိတ်မိနေပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါနှစ်မြို့ကိုဆက်သွယ်​သော လမ်းပိုင်းနှစ်ခုရှိပြီး ကလေး-သိုင်းငင်း-ဖလမ်းလမ်းနှင့် ကလေး-ဝေဘူလ-ဖလမ်းလမ်းဟူ၍ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၂ ရက်ကတည်းကပင် ကလေးမြို့မှာ ချင်းတောင်ပေါ်တက်ရန် စီစဉ်နေခြင်းဖြစ်သည် ဟုPDF- Zoland က ထုတ်ပြန်ထားသည်။

ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတွင်လည်း အပြစ်မဲ့ပြည်သူ ၅ ဦးကို ဇန်ဝါရီ ၁၀ ရက်တွင် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပြုလုပ်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ကထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဖလမ်းအခြေစိုက် ချင်းပြည်နယ် ကာကွယ်ရေးတပ်(CNDF) တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၅ ဦးကျော် ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။