Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်တွင် သစ်​တောမပြုန်းတီးရန် စီးပွားဖြစ် သစ်၊ဝါး၊​မျှောများထုတ်လုပ်မှုကိုတားမြစ်

ယောဒသတွင် ပါဝင်သည့် ဆောမြို့နယ်၏ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသတွင်း နယ်မြေလုံခြုံရေး၊ သစ်တောအလွန်အကျွံပျက်စီးပြုန်းတီးမှုအားကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ ယနေ့(ဇန်နဝါရီ ၁၇) ထုတ်ပြန်ခြင်းဖြစ်သည်။

အိမ်သုံး၊ ရပ်ရွာသုံးအတွက်မှအပစီးပွားဖြစ် သစ်၊ ဝါး၊ မျှောများထုတ်ယူသုံးစွဲခြင်းအားလုံးဝတားမြစ်ပိတ်ပင်ကြောင်းဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယောဒသတွင် ပါဝင်သည့် ဆောမြို့နယ်၏ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသတွင်း နယ်မြေလုံခြုံရေး၊ သစ်တောအလွန်အကျွံပျက်စီးပြုန်းတီးမှုအားကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ ယနေ့(ဇန်နဝါရီ ၁၇) ထုတ်ပြန်ခြင်းဖြစ်သည်။

စီးပွားဖြစ် သစ်၊ ဝါး၊ မျှောများထုတ်ယူသုံးစွဲခြင်းအား လုံးဝ(လုံးဝ) တားမြစ်ပိတ်ပင်လိုက်ကြောင်းနှင့်အိမ်သုံး၊ ရပ်ရွာသုံးအတွက် လိုအပ်ပါက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံတင်ပြပြီး သတ်မှတ်ပမာဏအား ခွင့်ပြုချက်ဖြင့် ထုတ်ယူသုံးစွဲနိုင်ပါသည်ဟု လူထုအား အသိပေးထားသည်။

ဆောမြိုနယ်မှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များသည်
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ပြီး NUG ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တည်ထောင်ကာ အုပ်ချုပ်ရေးယန္တယားကို အကောင်အထည်ဖော်နေသည်။ ဆော မြို့နယ်တွင် လောင်းကစား လုံးဝပြုလုပ်ခွင့်မပြုကြောင်းကိုလည်းမကြာသေးမီက သတိပေးချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားကို ဖြိုဖျက်ပြီး ပြည်သူ့ အုပ်ချုပ်ရေးယန္တယားကို အကောင်အထည်ဖော်နေသလို ဆောမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

Facebook