Connect with us

Hi, what are you looking for?

News

က​လေး-တမူးလမ်း ဗုံခွဲတိုက်ခိုက်မှုတွင်ရဲမှူး၊ ဒုရဲမှူးအပူအဝင်ရဲ ၅ ဦး​သေဟု ရဲမှတ်တမ်းတွင်​ဖော်ပြ

ရဲမှူး သောင်းမြင့်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်တို့သည် တမူးခရိုင်တရားရုံးတွင် သက်သေခံပြီး ရဲမှူး​သောင်းမြင့်၏ Pajero ကားဖြင့် အပြန်တွင် ဒုရဲမှူးဝင်းနိုင်နှင့် ရဲအုပ်မိုးထက်နိုင်တို့က ကားကြုံလိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းမတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်မူကြောင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲအရာရှိကြီး ၃ ဦးအပါအဝင် ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းကြေးနန်းတွင်တွေ့ရသည်။

တမူးPDF ကရဲအုပ်တစ်ဦးအပါအဝင် ရဲ ​လေးဦး​သေဆုံး​ကြောင်း ထုတ်ပြန်ထား​သော်လည်း ရဲတပ်ဖွဲ့ ၏ သတင်း​ပေးပို့ချက်မှတ်တမ်းတွင်ရဲမှူး ၊ဒုရဲမှူး ၊ရဲအုပ်အပါအဝင် ၅ ဦး​သေဆုံးခဲ့သည်ဟုဆိုသည်။သေဆုံးသူများမှာ မူးယစ်တပ်ဖွဲ့မှဖြစ်ပြီး ရဲမှူးသောင်းမြင့်၊ ဒုရဲမှူး ဝင်းနိုင်၊ ရဲအုပ် မိုးထက်နိုင်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက် တို့ဖြစ်သည်ဟု ​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်ပျံ့နှံ့လာသည့် အဆိုပါရဲကြေးနန်းတွင်ဖော်ပြထားသည်။ ​သေဆုံးသူအ​ရေအတွက် ၁ဦးကွာဟနေခြင်းနှင့် ပါတ်သပ်၍ တမူး PDF သို့ People’s Spring ကမှတ်ချက်​ထပ်မံတောင်းထားဆဲဖြစ်သည်။

ရဲမှူး သောင်းမြင့်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်တို့သည် တမူးခရိုင်တရားရုံးတွင် သက်သေခံပြီး ရဲမှူး​သောင်းမြင့်၏ Pajero ကားဖြင့် အပြန်တွင် ဒုရဲမှူးဝင်းနိုင်နှင့် ရဲအုပ်မိုးထက်နိုင်တို့က ကားကြုံလိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကားကို တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ညနေ ၃ နာရီခွဲခန့်တွင် တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများ သေဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုရဲများနှင့်အတူ ခြောက်လုံးပြူး ၁လက်၊ အမ်အေ ၁၃ သေနတ်နှစ်လက် ပါသွားသည်ဟု အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများကဆိုထားသည်။

ဒုရဲမှူးဝင်းနိုင်သည် ပုသိမ်မြို့နှင့် ရဲအုပ် ရန်ကုန် (မြောက်ပိုင်း) သို့ နယ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည့် အကြမ်းဖက်ရဲများဖြစ်ပြီး ​ပြောင်း​​ရွှေ့မည့်အစီအစဥ်ကိုအထက်သို့တင်ပြထားခြင်းမရှိသလို ၊ ရဲမှူး ​သောင်းဟန်မှာလည်း တမူးခရိုင်တရားရုံးသို့ သက်​သေခံသွားမည်ကိုတင်ပြထားခြင်းမရှိဟု​ဖော်ပြထားသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ