Connect with us

Hi, what are you looking for?

News

အင်း​တော်တွင် မြန်မာဘီယာ ဖာ၁၀၀​ကျော်ကို KIAနှင့် ပြည်သူ့ကာကွယ်​ရေးတပ် ဖျက်ဆီး

နောက်ထပ် စစ်အုပ်စုပိုင် ထုတ်ကုန်များကိုလည်း အလျှဥ်းသင့်သလို့ တာဆီးဖျက်ဆီးသွားမည်ဟုလည်း အသိ ပေးသည်။

စစ်ကိုင်းတိုင်း​​အထက်ပိုင်း အင်းတော်မြို့နယ်လမ်းပိုင်းအတွင်း စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ၁၃၃ဖာကို တားဆီးဖျက်ဆီးနိုင်ခဲ့သည်ဟု Indaw Revolution က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၈)က အင်းတော်မြို့နယ်လမ်းပိုင်း ကသာမှ မော်လူးမြို့ဘက်သို့ ကားဖြင့် မောင်းနှင်သယ် ဆောင်လာသော စစ်တပ်ထုတ်ကုန် ဘီယာ ၁၃၃ဖာမှ ခန့်မှန်းအရေအတွက် ၂,၃၇၆ ဗူးခန့်ကို KIA နှင့် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်း၍ တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် လျှစ်စစ်ဝန်ထမ်း Non-CDM သုံးဦးကိုလည်း တွေ့ရှိ၍ စစ်ဆေးမေးမြန်းပြီး သက်ညှာသောအားဖြင့် ပြန်လည်လွတ်ပေးခဲ့ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထား သည်။

နောက်ထပ် စစ်အုပ်စုပိုင် ထုတ်ကုန်များကိုလည်း အလျှဥ်းသင့်သလို့ တာဆီးဖျက်ဆီးသွားမည်ဟုလည်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းတွင် နိုဝင်ဘာကစ၍ အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်မှန်သမျှကို ရောင်းဝယ် ဖောက်ကားခြင်းမပြုရန် သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့တပ်ဖွဲ့များက စစ်ဆေးနေသည်။

အလားတူ ကချင်ပြည်နယ်အတွင်း၌လည်း အကြမ်းဖက်စစ်အုပ်စု၏ ထုတ်ကုန်များကိုလည်း ရောင်းဝယ်ခြင်းမပြုရန်လည်း KIAက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။