Connect with us

Hi, what are you looking for?

News

PDF အ​ယောင်​ဆောင်၍မုံရွာတွင်ခိုးဆိုးလုနှိုက်​နေသူတစ်ဦးကို Monywa Nightking ကပြစ်ဒဏ်​ပေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ပြည်သူတို့ကိုအနိုင်ကျင့်နေသူများကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမည်ဟု Monywa Nightking အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် PDF အယောင်ဆောင်ပြီး ခိုးဆိုးလုနှိုက်လုပ်နေသူတစ်ဦးအား ထိုက်သင့်သောပြစ်ဒဏ်ပေးလိုက်သည်ဟု Monywa NightKing အဖွဲ့က ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အသက်အန္တရာယ်ရန်ရှာနေသော ခိုးဆိုးလှုနှိုက်တစ်ဦးကို ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၈နာရီဝန်းကျင်ခန့်က သုတ်သင်ရှင်းလင်းလိုက်ကြောင်း Monywa NightKing တပ်ဖွဲ့က အသိ​ပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်တို့ကို ခိုးဆိုးလှုနှိုက်ယုံသာမက သက်သေများဖြင့် စစ်ဆေးကာ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရ၍ သုတ်သင်ရှင်းလင်းလိုက်ကြောင်း Monywa NightKing အဖွဲ့ တာဝန်ရှိသူတစ်ဦးက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ဖြေကြားထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ပြည်သူတို့ကိုအနိုင်ကျင့်နေသူများကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမည်ဟု Monywa Nightking အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ