Connect with us

Hi, what are you looking for?

News

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးဖွဲ့များကြား တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ၁,၀၀၀ ခန့် စစ်ဘေးရှောင်နေရ

ယမန်နေ့(ဇန်နဝါရီ ၁၉)နံနက်ပိုင်းကတည်းက ထားဝယ်မြို့နယ် ခေါင်တိုင်ပြင်ကျေးရွာအနီး ထိတွေ့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း မြင်းမတ်တပ်ကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။

People's Spring
People's Spring

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)များကြား တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၉)နံနက်ပိုင်းကတည်းက ထားဝယ်မြို့နယ် ခေါင်တိုင်ပြင်ကျေးရွာအနီး ထိတွေ့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း မြင်းမတ်တပ်ကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။

“နံနက်(၉)နာရီအချိန်တွင် မြင်းမတ်တပ်ရွာမှနေ၍ လက်နက်ကြီး၊ ငယ်ဖြင့် ပစ်ခတ်မှုကြောင့် မြင်းမတ်တပ်ရွာသားများစွာ ထွက်ပြေးခဲ့ရတယ်။ ထို့နောက် PDFများနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့(ဇန်နဝါရီ ၂၀)အချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိပါတယ်”ဟု ထားဝယ်ခရိုင်လူထုလှုပ်ရှားမှုဦးဆောင်သူတစ်ဦးက ပြောသည်။

Public Service Announcement

ယနေ့ဖြစ်ပွားသည့် မြင်းမတ်တပ်ရွာတိုက်ပွဲသည် တနသ်ာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား အချိန်ပြည့်နီးပါးနှင့် ရက်ဆက်တိုက်ပွဲဖြစ်သည့် ပထမဆုံးတိုက်ပွဲလည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲများကြောင့် ခေါင်တိုင်ပြင်နှင့် မြင်းမတ်တပ်ကျေးရွာများမှ ဒေသခံအရပ်သားပြည်သူ တစ်ထောင်ကျော်ခန့် ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေအား မသိရ​သေးပေ။

ဇန်နဝါရီ ၁၆ ရက်ကလည်း KNU တပ်မဟာ(၄) ထိန်းချုပ်နယ်မြေဖြစ်သည့်​ထားဝယ်-ထီးခီးလမ်းပိုင်း ဝါးတောရွာရှိ စစ်ကောင်စီဂိတ်တစ်ခုကို အမည်မသိလက်နက်ကိုင်တစ်စုမှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။