Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ-မန္တ​လေးလမ်းနှင့် ထီး​ဆောင်း-အရာ​​တော်လမ်းတို့အား ယ​နေညမှစ၍ ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေး

လက်ရှိသွားလာနေသောခရီးသွားပြည်သူကားများလည်းရောက်ရာနေရာတွင်ရပ်တန့်ထားရန်နှင့် တားမြစ်ထားသောအချိန်အတွင်း​အထူးဂရုစိုက်လိုက်နာကြပါရန်​GTRMMUက မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးနှင့် ထီးဆောင်း – အရာတော်လမ်းတို့အား ယနေ့ညမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFအဖွဲ့များက သတိပေးသည်။

ယနေ့(ဇန်နဝါရီ ၂၀ ရက်)ည ၈ နာရီမှစတင်ကာ မုံရွာ – မြင်းမူ – စစ်ကိုင်း လမ်းပိုင်းနှင့်ထီးဆောင်း – အရာတော်လမ်းပိုင်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် မြင်းမူအခြေစိုက် GTRMMUအဖွဲ့နှင့် Myin Mu Defence Force အဖွဲ့တို့က သသိပေးထားခြင်းဖြစ်သည်။

လက်ရှိသွားလာနေသောခရီးသွားပြည်သူကားများလည်းရောက်ရာနေရာတွင်ရပ်တန့်ထားရန်နှင့် တားမြစ်ထားသောအချိန်အတွင်း​အထူးဂရုစိုက်လိုက်နာကြပါရန်​GTRMMUက မေတ္တာရပ်ခံသည်။

အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ပါသောကြောင့်မိဘပြည်သူများ မတော်တဆ ထိခိုက် နစ်နာမှုမျိုး မရှိစေလို၍ လမ်း မကြီး ၂ ခု အား အသုံးမပြုခြင်း၊ လှည့်ပြန်ခြင်းမျိုး ပြုလုပ်ရန်၊ မိမိ မိသားစု အသိမိတ်ဆွေများ လမ်းကြောင်းပေါ်တွင် ရှိနေပါက ဖုန်းဆက်အကြောင်းကြားပေးပြီး သတိပေးရန် ထပ်ဆင့်မေတ္တာရပ်ခံကြောင်း Myin Mu Defence Force အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်တို့ကို ဖြတ်သန်းသွားသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏ မိုင်းခွဲခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။