Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းနှင့် ထီး​ဆောင်း-အရာ​​တော်လမ်းတို့အား ယ​နေညမှစ၍ ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေး

လက်ရှိသွားလာနေသောခရီးသွားပြည်သူကားများလည်းရောက်ရာနေရာတွင်ရပ်တန့်ထားရန်နှင့် တားမြစ်ထားသောအချိန်အတွင်း​အထူးဂရုစိုက်လိုက်နာကြပါရန်​GTRMMUက မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးနှင့် ထီးဆောင်း – အရာတော်လမ်းတို့အား ယနေ့ညမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFအဖွဲ့များက သတိပေးသည်။

ယနေ့(ဇန်နဝါရီ ၂၀ ရက်)ည ၈ နာရီမှစတင်ကာ မုံရွာ – မြင်းမူ – စစ်ကိုင်း လမ်းပိုင်းနှင့်ထီးဆောင်း – အရာတော်လမ်းပိုင်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် မြင်းမူအခြေစိုက် GTRMMUအဖွဲ့နှင့် Myin Mu Defence Force အဖွဲ့တို့က သသိပေးထားခြင်းဖြစ်သည်။

လက်ရှိသွားလာနေသောခရီးသွားပြည်သူကားများလည်းရောက်ရာနေရာတွင်ရပ်တန့်ထားရန်နှင့် တားမြစ်ထားသောအချိန်အတွင်း​အထူးဂရုစိုက်လိုက်နာကြပါရန်​GTRMMUက မေတ္တာရပ်ခံသည်။

အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ပါသောကြောင့်မိဘပြည်သူများ မတော်တဆ ထိခိုက် နစ်နာမှုမျိုး မရှိစေလို၍ လမ်း မကြီး ၂ ခု အား အသုံးမပြုခြင်း၊ လှည့်ပြန်ခြင်းမျိုး ပြုလုပ်ရန်၊ မိမိ မိသားစု အသိမိတ်ဆွေများ လမ်းကြောင်းပေါ်တွင် ရှိနေပါက ဖုန်းဆက်အကြောင်းကြားပေးပြီး သတိပေးရန် ထပ်ဆင့်မေတ္တာရပ်ခံကြောင်း Myin Mu Defence Force အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်တို့ကို ဖြတ်သန်းသွားသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏ မိုင်းခွဲခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။